Connect with us

Hi, what are you looking for?

သတင်း

TNLAနှင့်စစ်ကောင်စီ တစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့နယ် အတွင်းမှာ တိုက်ပွဲများဖြစ်ပွားပြီး တိုက်ပွဲ၌ ထိခိုက်သေဆုံး အခြေအနေရှိမရှိကို ဖော်ပြမထားပေ။

(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New York Times)
(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New York Times)

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၉ရက်က တစ်ရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့နယ် အတွင်းမှာ တိုက်ပွဲများဖြစ်ပွားပြီး တိုက်ပွဲ၌ ထိခိုက်သေဆုံး အခြေအနေရှိမရှိကို ဖော်ပြမထားပေ။

TNLA တပ်မဟာ(၄)စစ်ဒေသ လားရှိုးမြို့နယ်တွင် TNLAတပ်ရှိရာ သိန္နီမြို့သို့ ကားနှစ်စီးဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာမှ တအာင်းတပ်မတော် ရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်အောက်ခံ စကခ(၁၆)၊ ခလရ (၂၄၂)တပ်နှင့်လည်း မန်ပန်အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကွတ်ခိုင်မြို့မှ နမ့်ဖက်ကာသို့ ကား ၂၁ စီးဖြင့် ပစ္စည်းများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း နှင့် TNLA တို့လည်း ထိပ်တိုက်တွေ့ကာ နှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“ဟိုဘက်ရက်တွေမှာတော့ ကြားလိုက်သေးတယ်။ ဒီကောင်တွေ(စစ်ကောင်စီတပ်တွေ) ကတော့ အင်အားတော်တော်ထည့်တယ်ပြောတယ်။ ယာဉ်တန်းတွေ အသားကုန်တက်လာတယ်။ ကားလမ်းတလျှောက်မှာ စကစတွေက”ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

TNLA နှင့် စစ်ကောင်စီတပ်အကြား ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၀ ရက်အထိ စုစုပေါင်း တိုက်ပွဲ (၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ၂၅ဦးသေဆုံးကာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းအမြှောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။