Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများဒေါ်လာမကိုင်ရန် စစ်ကောင်စီအမိန့်ထုတ်ပြီးနောက် NUGနွေဦးဘဏ်က ဒေါ်လာများလိုသလောက်ဝယ်ယူနိုင်ကြောင်း ကြေညာ

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

ပြည်သူများဒေါ်လာမကိုင်ရန် စစ်ကောင်စီအမိန့်ထုတ်ပြီးနောက် NUGနွေဦးဘဏ်က ဒေါ်လာများလိုသလောက်ဝယ်ယူနိုင်ကြောင်း ကြေညာ
ပြည်သူများဒေါ်လာမကိုင်ရန် စစ်ကောင်စီအမိန့်ထုတ်ပြီးနောက် NUGနွေဦးဘဏ်က ဒေါ်လာများလိုသလောက်ဝယ်ယူနိုင်ကြောင်း ကြေညာ

နိုင်ငံခြားငွေကို လက်ဝယ်ထားရှိလျှင် စစ်ကောင်စီကဖမ်းဆီးမည့်ဟု ခြိမ်းခြောက်ပြီးနောက်တစ်ရက်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၏ နွေဦးဖွံဖြိုးရေးဘဏ်(SDB)က ပြည်သူများအနေဖြင့် ဒေါ်လာများဝယ်ယူပြီးအပ်နှံနိုင်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

နွေဦးဘဏ်တွင်ရင်းဖွင့်လှစ်ပြီး လိုအပ်သလောက် ဒေါ်လာများကို ဝယ်ယူပြီး လုံခြုံစိတ်ချစွာသိမ်းဆည်းထားနိုင်သလို ဆန္ဒရှိသည့်အချိန်တွင်ပြည်လည်ရောင်းချနိုင်သည်ဟု နွေဦးဖွံဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“USD (ဒေါ်လာ)လက်ဝယ် သိမ်းထားဖို့ စိတ်မချရဘူးလား။ USD ကို အလွယ်တကူ ဝယ်ယူဖို့ နေရာ မရှိဘူး ဖြစ်နေသလား။ နွေဦးဘဏ်တွင် စာရင်း ဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး မိမိဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည် ရောင်းချနိုင်ပါတယ်။”ဟု နွေဦးဖွံဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာငွေမှ အခြားနိုင်ငံခြားငွေကြေးများနှင့် Gold Token (ရွှေလက်မှတ်)များကို အမှန်တကယ်ပေါက်ဈေးအတိုင်းလဲလှယ်နိုင်သည်ဟု နွေဦးဖွံဖြိုးရေးဘဏ်က ဆိုထားသည်။

Public Service Announcement

Public Service Announcement

“ကျပ်ငွေ အရည်ပျော်နေတဲ့ အချိန်မှာ ခိုင်မာတဲ့ငွေကြေး၊ ပိုင်ဆိုင်မှု အနေနဲ့ပြောင်းထားချင်သူများအတွက်”ဟု NUG၊ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်က နွေဦးဘဏ်တွင်ငွေစုရန်တိုက်တွန်းထားသည်။

အ​မေရိကန်ဒေါ်လာငွေလိုအပ်ချက်ကြီးမားနေသည့်စစ်ကောင်စီကပြည်သူများကို ခွင့်ပြုချက်/လိုင်စင်မရှိဘဲအ​မေရီကန်​ဒေါ်လာ ကိုင်ဆောင်ထားပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ်၂၁ရက်က ထုတ်ပြန် ခြိမ်းခြောက်လိုက်သည်။

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

ပြည်တွင်းနေထိုင်သူများသည် ဒေါ်လာကိုင်ဆောင်လိုပါက နိုင်ငံခြားငွေများကို တရားဝင်နည်းလမ်းဖြင့်ရရှိထားရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေများကို ခြောက်လသာ ကိုင်ဆောင်ခွင့်ရှိမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။၆လကျော်လွန်ပါက နိုင်ငံခြားငွေကို သတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချရမည်ဖြစ်သည်။

“နွေဦးဘဏ်မှ ဘဏ်အကောင့်ဖွင့်ပြီးငွေသွင်းချင်ရင် ဘဏ်ဆက်ဆံရေးအရာရှိတွေက တဆင့်အသုံးပြုနိုင်ပါတယ်။”ဟု ဘဏ်အေဂျင့်တစ်ဦးကပြောသည်။

ထိုအပြင်Cryptocurrency တစ်မျိုးဖြစ်သည် USDTနှင့် ဆောင်ရွက်နိုင်ကြောင်း ၎င်းကဆိုသည်။

နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေကို မြန်မာကျပ်၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့်ထိုင်းဘတ်ငွေများဖြင့် အပ်နိုင်ပြီး နှစ်စဉ်အမြင့်ဆုံး အတိုးနှုန်း ၁၁ ရာခိုင်နှုန်းပေးမည်ဟု ဆိုထားသည်။ စာရင်းသေအပ်ငွေကို ဒေါ်လာနှင့် ညီမျှသည့် ငွေပမာဏမှ စတင်ပြီး အပ်နှံနိုင်သည်ဟု နွေဦးဘဏ်ကဆိုထားသည်။

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

အဆိုပါဘဏ်ကို ဇူလိုင် ၂၂ ရက်တွင် စတင်မိတ်ဆက်ပြီး ဩဂုတ်လကုန်ပိုင်းတွင် အပြည့်အဝသုံးဆွဲနိုင်မည်ဟု နွေဦးဖွံဖြိုးဘဏ်စီမံခန့်ခွဲမှု အလုပ်အမှုဆောင်အရာရှိ ဦးကယ်လ်ဗင်ကလည်းပြောသည်။

သို့​သော်လက်တ​လောတွင် SDB ဘဏ်​တွင် ​ငွေစာရင်းဖွင့်လှစ်လိုသူများပြားပြီး ဘဏ်ဘက်က နိုင်​အောင်မဖွင့်လှစ်​ပေးနိုင်​သေး​ကြောင်းအ​ကောင့်ဖွင့်ရန် ​စောင့်ဆိုင်း​နေသူအချို့က​ပြောသည်။

ဘဏ်ဖွင့်လှစ်ပြီး ၆လအတွင်း သုံးဆွဲသူ ၁ သိန်းရရှိရန်နှင့် နောက်ထပ် ၆လအတွင်း သုံးစွဲသူ ငါး သိန်းအထိ တိုးမြှင့်လာရန်လည်းရည်ရွယ်ထားသည်ဟု ဦးကယ်လ်ဗင်ကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက် လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ မှာပန်ကြားချက်ထုတ်ပြန်ပါတယ်။

သတင်း

သူ့ရဲ့အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မြန်မာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဩစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်သ်က ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ-၁၄၊၂၀၂၅။People’s Spring လွှတ်တော်မှာ အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို စောင့်ကြည့်ကြပ်မတ်တဲ့ တာဝန်ကို ယူထားတဲ့...

သတင်း

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။