Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် စစ်ကောင်စီ ဖျက်ဆီးထားသည့်လမ်းပိုင်းကို TNLA ပြန်ပြုပြင်

စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ရေးအရ အထိနာနေသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်တွင်လည်း ယခုကဲ့သို့ပင် လမ်းများကို စက်ယန္တရားများ အသုံးပြုဖျက်ဆီးခြင်းများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

(စစ်ကောင်စီတပ်ဖျက်ဆီးထားသည့်လမ်းပိုင်းအား တအာင်းတပ်မတော် (PSLF/TNLA)တပ် ပြန်ပြုပြင်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ်ဖျက်ဆီးထားသည့်လမ်းပိုင်းအား တအာင်းတပ်မတော် (PSLF/TNLA)တပ် ပြန်ပြုပြင်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၌ စစ်ကောင်စီတပ်က စက်ယန္တရားအသုံးပြု ဖျက်ဆီးထားသည့်လမ်းပိုင်းကို မြေဖို့ပြုပြင်ခဲ့ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သတင်းထုတ်ပြန်သည်။

TNLA တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ် နမ့်တောင်းရွာနှင့် ပန်ကြုံကျေးရွာကြားရှိ လမ်းမကြီးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်တို့က ဩဂုတ် ၁၅ရက်တွင် မြေကော်စက်ဖြင့် ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ပြည်သူလူထုအသုံးပြုနေသည့် အဓိကလမ်းမကြီးကို မြေကော်စက်ဖြင့် လာရောက်ဖျက်ဆီးခဲ့ရာ TNLA ဘက်က ပြန်လည် ပြုပြင်ပေးခဲ့ခြင်းဖြစ်သည်ဟု ယနေ့တွင် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့သို့ ပြန်လည်ပြုပြင်ပေးမှုကြောင့် ဆိုင်ကယ်နှင့် ကားသေးများအသုံးပြုသွားလာနိုင်ပြီဖြစ်သော်လည်း ၁၂ဘီးတွဲကားများ အသုံးပြု၍မရသေးဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါလမ်းမသည် ကျင်စန်းကျော့အထိရောက်ရှိသည့် လမ်းကြောင်းဖြစ်ပြီး နမ့်တောင်း၊ ဟိုနား၊ ပန်ကြုံ၊ ဖာဖိန့်စသည့်ကျေးရွာရှိ ဒေသခံများ၊ ကုန်တင်ကားများလည်းအသုံးပြုနေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ရေးအရ အထိနာနေသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်တွင်လည်း ယခုကဲ့သို့ပင် လမ်းများကို စက်ယန္တရားများ အသုံးပြုဖျက်ဆီးခြင်းများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။