Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သံဖြူဇရပ် – ရေးလမ်းပိုင်းတွင် ကုန်တင်ယာဉ်နှစ်စီး တိုက်မိ၊ တစ်စီးမီးလောင် ယာဉ်မောင်းသေဆုံး

ယမန်နေ့ နံနက်ပိုင်းကလည်း ရန်ကုန်- မြဝတီလမ်းမကြီး ဘားအံမြို့အနီးတွင် မှန်လုံခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ခရီးသည်တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဆလိုင်းမာန်အောင်/People’s Spring

သံဖြူဇရပ် – ရေးလမ်းပိုင်းတွင် ကုန်တင်ကားနှစ်စီးတိုက်မိရာမှ တစ်စီးမီးလောင်ပြီး ယာဉ်မောင်း သေ‌ဆုံးသွားခဲ့သည်။

သံဖြူဇရပ် -ရေးလမ်းမပိုင်းရှိ မော့ကနင်ကျေးရွာအနီးတွင် ရာဘာများသယ်ဆောင်လာသော ယာဉ် နှင့် ကွမ်းသီးတင် (၁၂)ဘီး ကုန်တင်ယာဉ်တို့ ရှေ့ဆင့်နောက်ဆင့်အနေအထားဖြင့် တိုက်မိခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စက်တင်ဘာ ၁၃ရက် ညနေ ၅နာရီခွဲခန့်က ဖြစ်ခဲ့ပြီး ထိုဖြစ်စဉ်တွင် ကွမ်းသီးတင်ယာဉ် မီးလောင်သွားပြီး ယာဉ်မောင်းမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။မီးလောင်မှုကို မီးသတ်ဌာနနှင့် လူမှုရေးအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ရန်ကုန်- မြဝတီလမ်းမကြီး ဘားအံမြို့အနီးတွင် မှန်လုံခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ခရီးသည်တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement