Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ အရပ်သားထိခိုက်မှု၊ နေအိမ်ပျက်စီးမှုရှိဟု KNU အသိပေး

KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကို KNU က အသိပေး ထုတ်ပြန်မှု ပြုလုပ်လျက်ရှိရာ ယမန်နေ့တွင် ကော့ကရိတ်မြို့နယ်၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကို KNU က အသိပေး ထုတ်ပြန်မှု ပြုလုပ်လျက်ရှိရာ ယမန်နေ့တွင် ကော့ကရိတ်မြို့နယ်၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

ကော့ကရိတ်အခြေစိုက် ခလရ(၉၇)တပ်က ပြည်သူနေထိုင်ရာများသို့ အောက်တိုဘာ ၃ရက်ညပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အံဖကြီးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ဝမ်းဗိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ နေအိမ်လည်း ပျက်စီးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ထို့ပြင် ကျေးရွာအတွင်းရှိ အခြားပြည်သူလူထုအချို့၏ နေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၃၂)တပ်ကလည်း အောက်တိုဘာ ၂ရက် ညနေပိုင်းတွင် ပြည်သူလူထုနေထိုင်ရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၁)ရပ်ကွက် အောင်တေဇလမ်းရှိ ပြည်သူလူထု နေအိမ်နှစ်လုံးထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်ဟုဖော်ပြထားသည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်း လှုပ်ရှားနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များသည် အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်း၊ ပစ္စည်းများယူဆောင်ခြင်း၊ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ‌ နေ့စဉ် ပြုလုပ်နေသည်ဟု KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။