Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ အရပ်သားထိခိုက်မှု၊ နေအိမ်ပျက်စီးမှုရှိဟု KNU အသိပေး

KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကို KNU က အသိပေး ထုတ်ပြန်မှု ပြုလုပ်လျက်ရှိရာ ယမန်နေ့တွင် ကော့ကရိတ်မြို့နယ်၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကို KNU က အသိပေး ထုတ်ပြန်မှု ပြုလုပ်လျက်ရှိရာ ယမန်နေ့တွင် ကော့ကရိတ်မြို့နယ်၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပြည်သူနေအိမ်နှင့် လက်နက်ကြီး အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

ကော့ကရိတ်အခြေစိုက် ခလရ(၉၇)တပ်က ပြည်သူနေထိုင်ရာများသို့ အောက်တိုဘာ ၃ရက်ညပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အံဖကြီးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ဝမ်းဗိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ နေအိမ်လည်း ပျက်စီးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ထို့ပြင် ကျေးရွာအတွင်းရှိ အခြားပြည်သူလူထုအချို့၏ နေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၃၂)တပ်ကလည်း အောက်တိုဘာ ၂ရက် ညနေပိုင်းတွင် ပြည်သူလူထုနေထိုင်ရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၁)ရပ်ကွက် အောင်တေဇလမ်းရှိ ပြည်သူလူထု နေအိမ်နှစ်လုံးထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်ဟုဖော်ပြထားသည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်း လှုပ်ရှားနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များသည် အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်း၊ ပစ္စည်းများယူဆောင်ခြင်း၊ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ‌ နေ့စဉ် ပြုလုပ်နေသည်ဟု KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။