Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီဘက်တွင် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်‌‌ရေးမဟာမိတ်ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။

မိုးကုတ်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မိုးကုတ်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ(ပုံအဟောင်းကို အသုံးပြုထားပါသည်)

မန္တလေးတိုင်း မိုးကုတ်မြို့ ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အထိုင်ချထားသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့( ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက စတင်တင်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပစ်ခတ်သံတွေက မိနစ် ၂၀လောက်ကြာတယ်။ တော်တော်လည်းကြမ်းတယ်။ တိုက်ပွဲပြီးလို့ သွားမကြည့်ရဲတာကြောင့် ဘာ‌တွေဆက်ဖြစ်လဲမသိပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်တွင် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။ ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်‌‌ရေးမဟာမိတ်ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၀ရက် နံနက်ကလည်း မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်ဗျူဟာတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း (၂၂၃၊၂၇၆)နှင့် (၃၄၈) တပ်ရင်းများကို မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂)နှင့်မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့(တပ်ရင်းအမှတ် ၁၂၂၁၊၁၂၂၂၊၁၂၂၃) တို့က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။