Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာမြို့ အနီး နယ်စပ်ချောင်းအတွင်းအမျိုးသမီးတစ်ဦး မျောပါသေဆုံး

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

(​ရေစီးဖြင့် ​​မျောပါ​သေဆုံးခဲ့​သောအမျိုးသမီးကျန်ရစ်ခဲ့​သော ပစ္စည်းအချို့ ။ဓါတ်ပုံ-CJ)
(​ရေစီးဖြင့် ​​မျောပါ​သေဆုံးခဲ့​သောအမျိုးသမီးကျန်ရစ်ခဲ့​သော ပစ္စည်းအချို့ ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မြန်မာ-တရုတ်နယ်စပ်ချောင်း၌ အမျိုးသမီးတစ်ဦး ရေစီးနှင့်‌ မျောပါသေဆုံးခဲ့သည်။

ဒေသအခေါ် မုန်လိုင်ချောင်းအတွင်း သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းတစ်ခုကို အောက်တိုဘာလ ၁၂ရက် နံနက် ၇ နာရီခန့်တွင်ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ချောင်းကို ကူးရင်းမျောပါသွားတာလို့ ပြောကြတယ်။ ဘာဒဏ်ရာမှမရှိဘူး။ စစ်ဆေးပြီးနာရေးစီမံလိုက်ကြတယ်”ဟု လိုင်ဇာဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိပြီး ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ တရုတ်ငွေယွမ် ၁၇၀၀၊ ဘုရားဆင်းတု အသေးတစ်ဆူ၊ ‌ကျောက်တစ်လုံးနှင့်တရုတ်ဖုန်းနံပါတ်နှစ်ခုရေးမှတ်ထားသည့် စာရွက်တစ်ရွက်တွေ့ရှိရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။