Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ်တွင် CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

အောက်တိုဘာ ၂၄ရက် ည ၁၁နာရီခန့်တွင် မင်းတပ်မြို့ မိခင်ကလေးရုံးနားရှိ M-1 အဆောက်အအုံတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ငရဲအဖွဲ့တို့ ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

(မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၄ရက် ည ၁၁နာရီခန့်တွင် မင်းတပ်မြို့ မိခင်ကလေးရုံးနားရှိ M-1 အဆောက်အအုံတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ငရဲအဖွဲ့တို့ ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ငရဲအဖွဲ့ဆိုသည်မှာ မင်းတပ် CDF လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည်ဟုလည်း ဒေသခံက ပြောပြသည်။

စစ်ကောင်စီတပ်များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မိုးသည်းနေသည့်ကြားကပင် ပြည်သူ့ရဲဘော် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြတယ်လို့သိရ။ စခ၊ ရခ များ၏ ထိခိုက်မှုအသေးစိပ်မသိရပေးပါ၊စုံစမ်းနေဆဲပါ”ဟု သတင်းရင်းမြစ်က အသိပေးထားသည်။

အဆိုပါနေရာ၌ စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမှုများ တင်းကြပ်နိုင်၍ ဂရုစိုက်သွားလာကြရန် ဒေသခံက တိုက်တွန်းထားသည်။

တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး မင်းတပ် CDFက တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

မင်းတပ် CDFအနေဖြင့် အောက်တိုဘာ ၁၅ရက် က အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်တို့မှကာကွယ်နိုင်ရန် မိမိနေအိမ်များအနီး ပုန်းခိုကျင်းများတူးထားကြရန် ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။