Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ်တွင် CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

အောက်တိုဘာ ၂၄ရက် ည ၁၁နာရီခန့်တွင် မင်းတပ်မြို့ မိခင်ကလေးရုံးနားရှိ M-1 အဆောက်အအုံတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ငရဲအဖွဲ့တို့ ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

(မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၄ရက် ည ၁၁နာရီခန့်တွင် မင်းတပ်မြို့ မိခင်ကလေးရုံးနားရှိ M-1 အဆောက်အအုံတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ငရဲအဖွဲ့တို့ ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ငရဲအဖွဲ့ဆိုသည်မှာ မင်းတပ် CDF လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည်ဟုလည်း ဒေသခံက ပြောပြသည်။

စစ်ကောင်စီတပ်များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မိုးသည်းနေသည့်ကြားကပင် ပြည်သူ့ရဲဘော် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြတယ်လို့သိရ။ စခ၊ ရခ များ၏ ထိခိုက်မှုအသေးစိပ်မသိရပေးပါ၊စုံစမ်းနေဆဲပါ”ဟု သတင်းရင်းမြစ်က အသိပေးထားသည်။

အဆိုပါနေရာ၌ စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမှုများ တင်းကြပ်နိုင်၍ ဂရုစိုက်သွားလာကြရန် ဒေသခံက တိုက်တွန်းထားသည်။

တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး မင်းတပ် CDFက တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

မင်းတပ် CDFအနေဖြင့် အောက်တိုဘာ ၁၅ရက် က အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်တို့မှကာကွယ်နိုင်ရန် မိမိနေအိမ်များအနီး ပုန်းခိုကျင်းများတူးထားကြရန် ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)သိမ်းယူထားသောပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးဗျူဟာစခန်းကို ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စစ်ကောင်စီကအင်အားဖြည့်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းMNDAA၏အထူးဒေသ(၁)ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို MNDAA သတင်းပြန်ကြားရေးဌာနThe Kokangကယ​နေ့(ဧပြီ ၂၆) ဖော်ပြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာအနီးရှိ အရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။