Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အဝင်၌ စစ်ကောင်စီထောင်သည့်မိုင်းကြောင့် တောင်ယာသွားသည့် ပြည်သူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၂၆ရက် နံနက် ၁၀နာရီကျော်တွင် မင်းတပ်မြို့ဝင် ဦး၀မ္မသူးမောင်း ပန်းခြံနားတွင် ပြည်သူ နှစ်ဦး မိုင်းထိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

ခလရ(၂၇၄)တပ်က ရမ်းသမ်းပစ်နေ၍ သတိဖြင့်နေထိုင်ရန် မင်းတပ် CDF သတိပေး

ဝင်းမောင်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် တောင်ယာသွားသည့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံက အသိပေးသည်။

စက်တင်ဘာ ၂၆ရက် နံနက် ၁၀နာရီကျော်တွင် မင်းတပ်မြို့ဝင် ဦး၀မ္မသူးမောင်း ပန်းခြံနားတွင် ပြည်သူ နှစ်ဦး မိုင်းထိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြို့ဝင်ဂိတ်နား သူတို့ အမြဲရှိတော့ အပစ်ခံနေရတော့ ထောင်ထားတာနေမှာ။ အဲဒီ လမ်းက တောင်ယာ၊ တော၊ ယာဉ်တွေသွားလာတဲ့လမ်းကို။ အဲဒီလို ထောင်တာတော့ အဆင်မပြေဘူးလေ”ဟု မင်းတပ် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း စစ်ကောင်စီထောင်သည့် မိုင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်စဉ်များ ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီခွဲခန့်တွင်လည်း မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်မှ ပြည်သူများနေထိုင်ရာ တိုက်နယ်(၂)ဘက်သို့ လက်နက်ကြီးဖြင့်အကြောင်းမဲ့ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

လက်နက်ကြီးဖြင့် လေးကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုကို မသိရသေးဟု ဆိုသည်။

ခလရ(၂၇၄) တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန် မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ယမန်နေ့ စက်တင်ဘာ ၂၅ရက်တွင် ထုတ်ပြန် သတိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က လိုင်းကားများအသုံးပြုပြီး အရပ်ဝတ်များဖြင့် စစ်အင်အားဖြည့်တင်းနေ၍ ကင်းစောင့်တာဝန်ကျရဲဘော်များအနေဖြင့် ကြပ်မတ်စစ်ဆေးကြရန် မင်းတပ် CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။