Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေနဲ့ မြေပြင်ကရဲဘော်တွေအတွက်အလှူ​ငွေသိန်း၃၅၀​ကျော်ကိုပြည်သူတွေနဲ့အတူလှူဒါန်းခဲ့တဲ့ဒေါင်း

နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားသောသူရဲကောင်းများကို ရည်ရွယ်သီဆိုထားသည့် Emptiness သီချင်း၏ Logo ကို မြေပြင်ရဲဘော်များအတွက် ကူညီနိုင်ရန် ရည်ရွယ်၍ လေလံတင်ခဲ့ခြင်းဖြစ်ပြီး ယင်းလေလံမှ ကျပ်သိန်း ၆၀ ရရှိခဲ့သည်။

စစ်ဘေးရှောင်တွေနဲ့ မြေပြင်ကရဲဘော်တွေအတွက်အလှူ​ငွေသိန်း၃၅၀​ကျော်ကိုပြည်သူတွေနဲ့အတူလှူဒါန်းခဲ့တဲ့ဒေါင်း
စစ်ဘေးရှောင်တွေနဲ့ မြေပြင်ကရဲဘော်တွေအတွက်အလှူ​ငွေသိန်း၃၅၀​ကျော်ကိုပြည်သူတွေနဲ့အတူလှူဒါန်းခဲ့တဲ့ဒေါင်း

Emptiness Logo လေလံတင်ခြင်း နှင့် ‌မြေပြင်ရဲဘော်များကိုကူညီခြင်း အစီအစဉ်မှ အလှူငွေ သိန်း ၃၅၀ ကျော်ရရှိခဲ့ပြီး မြေပြင်သို့တိုက်ရိုက်လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း တော်လှန်အနုပညာရှင်ဒေါင်းက အသိပေးထားသည်။

နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားသောသူရဲကောင်းများကို ရည်ရွယ်သီဆိုထားသည့် Emptiness သီချင်း၏ Logo ကို မြေပြင်ရဲဘော်များအတွက် ကူညီနိုင်ရန် ရည်ရွယ်၍ လေလံတင်ခဲ့ခြင်းဖြစ်ပြီး ယင်းလေလံမှ ကျပ်သိန်း ၆၀ ရရှိခဲ့သည်။

“Emptiness Profile လေလံကနေ ယခုအချိန်ထိ မြန်မာငွေသိန်း ၆၀ ရရှိနေပါပြီခင်ဗျ။ ဒီနေ့ဖြစ်ပျက်သွားတဲ့အခြေအနေအရ လိုင်ဇာအတွက် ဆေးဝါးစရိတ်အဖြစ် ယခုရရှိငွေသိန်း၆၀ လုံးကိုကူညီမှုပေးပါရစေဗျ။ ညအချိန်လေလံမပိတ်ခင်ထိထပ်တိုးရရှိလာရင်လည်းယခင်အစီအစဉ်အတိုင်း ရဲဘော်များအတွက်ထောက်ပံ့ပေးသွားမှာပါခင်ဗျ။”ဟု အောက်တိုဘာ ၁၀ ရက်တွင် ဒေါင်းက အသိပေးခဲ့သည်။

ယင်းလေလံရရှိငွေအပြင် ဒေါင်း၏ အမာခံပရိသတ် Peachick များအပါအဝင် လှူဒါန်းသူများထံမှ အလှူငွေ ကျပ် သိန်း ၃၅၀ ကျော်ရရှိခဲ့ကြောင်း ‌ယနေ့ညတွင် ဒေါင်း၏ဖေ့စ်ဘွတ်ခ်၌ ကြေညာထားသည်။

Public Service Announcement

Public Service Announcement

“မြေပြင်အဖွဲ့ပေါင်းများစွာကိုချိတ်ဆက်ကူညီမှုပြုခဲ့တဲ့အတွက်စာရင်းရှင်းတမ်း တင်ဖို့အချိန်ယူခဲ့ရတဲ့အတွက်ခွင့်လွှတ်ပါခင်ဗျ။ ပြည်သူများရဲ့ ကူညီစောင့်ရှောက်မှုကရဲဘော်များအတွက် တဒင်္ဂစိတ်နွေးထွေးမှုရခဲ့မှာအမှန်ပါ။ ဆက်လက်လည်း တိုင်းပြည်အတွက်ရှေ့တန်းမှနေပြီးအသက်စတေးထားတဲ့ရဲဘော်များကို မမေ့လျော့ပဲ အလျဉ်းသင့်သလိုကူညီပေးကြပါရန်မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ ဟု ဒေါင်းကပြောသည်။

ဆက်လက်၍လည်း ၎င်း၏အနုပညာတင်ဆက်မှုများမှတစ်ဆင့် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ၊စစ်‌ရှောင်ပြည်သူများ အတွက် ကူညီပေးနိူင်ရန် ကြိုးစားသွားမည်ဟု ၎င်းကသတင်းစကားပါးသည်။

အလှူငွေများကို စစ်​​ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် လိုင်ဇာမှစစ်ရှောင်များအတွက် ၁၀၅ သိန်း လှူဒါန်းခဲ့ပြီး ကျန်အလှူငွေများကို မြေပြင်ရဲဘော်များထံ တိုက်ရိုက်ချိတ်ဆက်လှူဒါန်းခဲ့ကြောင်း လှူဒါန်းသည့်စာရင်းနှင့်အတူတင်ထားသည်။

Emptiness သီချင်းကို ကျားပေါက်က ရေးသားထားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တွင် အွန်လိုင်း ပလက်ဖောင်းများနှင့် ၎င်း၏ ကိုယ်ပိုင်ယူကျူ့ချန်နယ်တွင်တင်ခဲ့သည်။

အဆိုပါသီချင်းကို မြေပြင်မှရဲဘော်အဖွဲ့များက သီဆို‌ထားသည့် ဗီဒီယိုဖိုင်များကိုလည်း ဒေါင်းက ၎င်း၏ပေ့ခ်ျ၌ ပြန်တင်ပေးခဲ့သည်။

ယင်းသီချင်း၏ Music Video ကိုလည်း အောက်တိုဘာ ၂၅ ရက်တွင် ၎င်း၏ယူကျူ့မှ တင်ပေးထားပြီး ကျဆုံးသွားသောရဲဘော်များ၏ ပုံရိပ်များ ၊ မြေပြင်ရဲဘော်များယင်းသီချင်းကိုသီဆိုထားသည့် ပုံရိပ်များနှင့်‌ပုံဖော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။