Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းအလှူပြုလုပ်တဲ့ သရုပ်ဆောင်ဒေါင်း

ရင်ထိုးလေလံတင်ရောင်းချငွေ ကျပ်သိန်း ၁၁၀ ရရှိခဲ့ပြီး ထပ်မံလှူဒါန်းသူများ၏ အလှူငွေများကြောင့် စုစုပေါင်း အလှူငွေ သိန်း ၂၀၀ကျော်ရရှိခဲ့ရာ ယင်းအလှူငွေများကို နေရာ ခြောက်ခုသို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းအလှူပြုလုပ်တဲ့ သရုပ်ဆောင်ဒေါင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းအလှူပြုလုပ်တဲ့ သရုပ်ဆောင်ဒေါင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ ရင်ထိုးလေလံရောင်းချငွေများကို စစ်ဘေးရှောင်များအပါအဝင် လိုအပ်သည့်နေရာ နေရာခြောက်ခုသို့ လှူဒါန်းခဲ့ကြောင်း သရုပ်ဆောင်ဒေါင်းက အသိပေးထားသည်။

“အလှူငွေအားလုံးကို ကရင်နီဒေသရှိစစ်ဘေးရှောင်စခန်းများ၊ အလယ်ပိုင်းဒေသရှိ စစ်ဘေးသင့်ပြည်သူများနှင့် တောထဲရှိရဲဘော်များအတွက် လိုအပ်သောပစ္စည်းအချို့ကို ကူညီမှုပြုခဲ့ပါတယ်ခင်ဗျ။ ကျွန်တော်မမျှော်မှန်းထားတဲ့ ပမာဏ တခုကို လိုအပ်နေသောနေရာတွေမှာတော်လှန်ပြည်သူများကိုယ်စားကူညီပေးနိုင်ခဲ့တဲ့အတွက်အရမ်းပီတိဖြစ်ရပါတယ်”ဟု လေလံတင် ရောင်းချခဲ့သည့် Daung Art Corner ပေ့ခ်ျ၌ ဖော်ပြထားသည်။

ဇွန်လ ၁၉ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအဖြစ် ထိုင်းရုပ်ရှင်ဆုပေးပွဲသို့ တတ်ရောက်ရာတွင် ဝတ်ဆင်ခဲ့သည့် မြန်မာပြည်မြေပုံ ရင်ထိုးကို ယင်းပေ့ခ်ျ၌ ဇွန်လ ၁၈ ရက်ညက လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

ရင်ထိုးလေလံတင်ရောင်းချငွေ ကျပ်သိန်း ၁၁၀ ရရှိခဲ့ပြီး ထပ်မံလှူဒါန်းသူများ၏ အလှူငွေများကြောင့် စုစုပေါင်း အလှူငွေ သိန်း ၂၀၀ကျော်ရရှိခဲ့ရာ ယင်းအလှူငွေများကို နေရာ ခြောက်ခုသို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ယခုလည်း ဆက်လက်လိုအပ်ချက်တွေကရှိနေဆဲ၊ဒုက္ခရောက်နေဆဲဖြစ်လို့ ထိုပြည်သူများကိုမေ့မထားပဲ တတ်နိုင်သလောက် ကူညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်”ဟု ဒေါင်းက မေတ္တာရပ်ခံထားသည်။

သရုပ်ဆောင်ဒေါင်းသည် အာဏာသိမ်းခံရသည့် အချိန်ကတည်းက ပြည်သူနှင့်အတူ ရပ်တည်ကာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သလို နွေဦးတော်လှန်ရေးအတွက်လည်း အမှတ်တရ ပစ္စည်းများရောင်းချခြင်း ၊ ဇာတ်လမ်းတိုရုပ်ရှင်များရိုက်ကူးခြင်းတို့ကိုပြုလုပ်ပေးနေသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့နှင့်အတူ သမ္မတဟောင်းဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့အား တရားခံစာရင်း၌ ထည့်သွင်းထားခြင်းက မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မှတ်ယူပြီး အရပ်သားခေါင်းဆောင်နှစ်ဦးကို တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။

သတင်း

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်း ထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)တောင်းဆိုလိုက်ပါတယ်။