Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းအလှူပြုလုပ်တဲ့ သရုပ်ဆောင်ဒေါင်း

ရင်ထိုးလေလံတင်ရောင်းချငွေ ကျပ်သိန်း ၁၁၀ ရရှိခဲ့ပြီး ထပ်မံလှူဒါန်းသူများ၏ အလှူငွေများကြောင့် စုစုပေါင်း အလှူငွေ သိန်း ၂၀၀ကျော်ရရှိခဲ့ရာ ယင်းအလှူငွေများကို နေရာ ခြောက်ခုသို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းအလှူပြုလုပ်တဲ့ သရုပ်ဆောင်ဒေါင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းအလှူပြုလုပ်တဲ့ သရုပ်ဆောင်ဒေါင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ ရင်ထိုးလေလံရောင်းချငွေများကို စစ်ဘေးရှောင်များအပါအဝင် လိုအပ်သည့်နေရာ နေရာခြောက်ခုသို့ လှူဒါန်းခဲ့ကြောင်း သရုပ်ဆောင်ဒေါင်းက အသိပေးထားသည်။

“အလှူငွေအားလုံးကို ကရင်နီဒေသရှိစစ်ဘေးရှောင်စခန်းများ၊ အလယ်ပိုင်းဒေသရှိ စစ်ဘေးသင့်ပြည်သူများနှင့် တောထဲရှိရဲဘော်များအတွက် လိုအပ်သောပစ္စည်းအချို့ကို ကူညီမှုပြုခဲ့ပါတယ်ခင်ဗျ။ ကျွန်တော်မမျှော်မှန်းထားတဲ့ ပမာဏ တခုကို လိုအပ်နေသောနေရာတွေမှာတော်လှန်ပြည်သူများကိုယ်စားကူညီပေးနိုင်ခဲ့တဲ့အတွက်အရမ်းပီတိဖြစ်ရပါတယ်”ဟု လေလံတင် ရောင်းချခဲ့သည့် Daung Art Corner ပေ့ခ်ျ၌ ဖော်ပြထားသည်။

ဇွန်လ ၁၉ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအဖြစ် ထိုင်းရုပ်ရှင်ဆုပေးပွဲသို့ တတ်ရောက်ရာတွင် ဝတ်ဆင်ခဲ့သည့် မြန်မာပြည်မြေပုံ ရင်ထိုးကို ယင်းပေ့ခ်ျ၌ ဇွန်လ ၁၈ ရက်ညက လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

ရင်ထိုးလေလံတင်ရောင်းချငွေ ကျပ်သိန်း ၁၁၀ ရရှိခဲ့ပြီး ထပ်မံလှူဒါန်းသူများ၏ အလှူငွေများကြောင့် စုစုပေါင်း အလှူငွေ သိန်း ၂၀၀ကျော်ရရှိခဲ့ရာ ယင်းအလှူငွေများကို နေရာ ခြောက်ခုသို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ယခုလည်း ဆက်လက်လိုအပ်ချက်တွေကရှိနေဆဲ၊ဒုက္ခရောက်နေဆဲဖြစ်လို့ ထိုပြည်သူများကိုမေ့မထားပဲ တတ်နိုင်သလောက် ကူညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်”ဟု ဒေါင်းက မေတ္တာရပ်ခံထားသည်။

သရုပ်ဆောင်ဒေါင်းသည် အာဏာသိမ်းခံရသည့် အချိန်ကတည်းက ပြည်သူနှင့်အတူ ရပ်တည်ကာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သလို နွေဦးတော်လှန်ရေးအတွက်လည်း အမှတ်တရ ပစ္စည်းများရောင်းချခြင်း ၊ ဇာတ်လမ်းတိုရုပ်ရှင်များရိုက်ကူးခြင်းတို့ကိုပြုလုပ်ပေးနေသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။