Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

လားရှိုးမြို့နယ် မိုင်းဂျက် ဗျူဟာကုန်း၊ လားရှိုး Asia World တိုးဂိတ်၊ ချင်းရွှေဟော်ရှိစစ်​ကောင်စီစခန်းများ ၊နမ့်ခမ်းရှိ စစ်​ကောင်စီတပ်စခန်း စ​သော​နေရာများစွာတွင် ​တော်လှန်​ရေးအဖွဲ့များက စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်​နေသည်။

(နမ့်ခမ်းရှိစစ်​ကောင်စီစခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်သိမ်းပိုက်​နေစဥ်။ဓါတ်ပုံ-​ပေးပို့ )
(နမ့်ခမ်းရှိစစ်​ကောင်စီစခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်သိမ်းပိုက်​နေစဥ်။ဓါတ်ပုံ-​ပေးပို့ )

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နမ့်ခမ်းနှင့် လောက်ကိုင် ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့မနက်တွင် မြောက်ပိုင်းလက်နက်ကိုင်တပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့နယ် မိုင်းဂျက် ဗျူဟာကုန်း၊ လားရှိုး Asia World တိုးဂိတ်၊ ချင်းရွှေဟော်ရှိစစ်​ကောင်စီစခန်းများ ၊နမ့်ခမ်းရှိ စစ်​ကောင်စီတပ်စခန်း စ​သော​နေရာများစွာတွင် ​တော်လှန်​ရေးအဖွဲ့များက စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်​နေသည်။

“ ဒီမနက် ရှမ်းမြောက် ဒေသ တစ်ခုလုံး နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေပြီ။ ချင်းရွှေဟော်ကို MNDAAနဲ့ မဟာမိတ်တွေ သိမ်းလိုက်ပြီ။ စကစ စခန်းတွေ တစ်ခုပြီး တစ်ခု သိမ်းနေကြပြီ။ မုံးကိုး ဖောင်းဆိုင်ဘက်လည်း တိုက်ပွဲဖြစ်နေတယ်။ လားရှိုးမြို့နယ် မိုင်းဂျက် ဗျူဟာကုန်းကိုလည်း သိမ်းလိုက်ပြီ။ ဒါက နမ့်ခမ်းဘက်က စကစ စခန်းသိမ်းတာ(ရုပ်သံဖိုင်ကို ပြသပြောကြားခြင်းဖြစ်သည်)။ ၁၃ မိုင် စကစစခန်း” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြီး လက်နက်ခဲယမ်းများလည်း ရရှိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသ သတင်းရင်းမြစ်များက အသိပေးထားသည်။ ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။