Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးတွင် PLAလည်း ပါဝင်တိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့တွင် ယမန်နေ့ ညနေမှစ၍ ယနေ အောက်တိုဘာ ၂၉ ရက်) နံနက် ၁၁နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး သိန္ဒီရဲစခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

(၁၀၂၇ စစ်ဆင်​ရေးတွင်ပါဝင်တိုက်ခိုက်​နေ​သော PLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PLA)
(၁၀၂၇ စစ်ဆင်​ရေးတွင်ပါဝင်တိုက်ခိုက်​နေ​သော PLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PLA)

▪︎သိန္ဒီမြို့ကို ​တော်လှန်ရးအဖွဲ့များ ထိန်းသိမ်းနိုင်ပြီဟု​ဒေသခံများ​ပြော

၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA ပါဝင်ရောက်တိုက်ခိုက်နေပြီး ယနေ့နံနက် သိန္ဒီမြို့တွင်းတိုက်ပွဲတွင် မြို့ကို မဟာမိတ်တပ်ပေါင်းစုက ထိန်းသိမ်းလိုက်သည်ဟု သတင်းရရှိသည်။

၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်နေသည်ကို PLAက ဓာတ်ပုံမှတ်တမ်းအချို့နှင့်အတူ တရားဝင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“ဒီစစ်ဆင်ရေးကဗျူဟာမြောက်ပါ။PLAလည်း ၁၀၂၇မှာပါနေပါတယ်”ဟု PLAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

PLA ရဲဘော်များသည် ရုပ်ဝတ္တုပစ္စည်းပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု နည်းပါးသူများ ဖြစ်သည့်အပြင် စစ်ရေးစည်းမျဉ်းစည်းကမ်း လျှိုဝှက်ချက်များအား မျက်လုံးအိမ်သဖွယ်ထိန်းသိမ်း ရသည့် ရဲဘော်များဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်များတွင် အသက်စွန့်တိုက်ပွဲဝင်နေရသည့် ပုံရိပ်များအား အကန့်အသတ်ဖြင့်သာ ဖော်ပြနိုင်ခြင်းအပေါ် မိဘပြည်သူများ အနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန် တင်ပြအပ်ပါသည်ဟု PLA က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့တွင် ယမန်နေ့ ညနေမှစ၍ ယနေ အောက်တိုဘာ ၂၉ ရက်) နံနက် ၁၁နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး သိန္ဒီရဲစခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ထပ်မံရရှိသော သတင်းအရ နံနက် ၈နာရီခွဲတွင် သိန္ဒီရဲစခန်းအား မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။