Connect with us

Hi, what are you looking for?

သတင်း

အဖွဲ့၏ အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ် KNDF စုံစမ်းနေ

“KNDF ရဲ့မူအရရော ကျင့်ဝတ်အရ လူထုနဲ့ ပတ် သက်ရင်ဘယ်သောအခါမှ စည်းချိုးဖောက်မှာမဟုတ်ဘူး။အခုလို လုပ်တာက နာမည်ဖျက် ခြင်လို့ လုပ်တာ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

အဖွဲ့၏ အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ် KNDF စုံစမ်းနေ
အဖွဲ့၏ အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ် KNDF စုံစမ်းနေ

အဖွဲ့၏ အမှတ်တံဆိပ်(LOGO)အသုံးပြုပြီး မသမာသူများမှ လိမ်လည်ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ်ကို စုံစမ်းဖော်ထုတ်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ပြောသည်။

သိန္ဒီမြို့ရှိ လုပ်ငန်းရှင် မိသားစုတစ်စုထံပေးပို့ထားသည့်ဆိုသော KNDF အမှတ်တံဆိပ်ဖြင့် ငွေတောင်းခံစာတစ်စောင်မှာ လူမှုစာမျက်နှာတွင် တွေ့ရှိရပြီးနောက် KNDF က ယနေ့ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဖွဲ့၏ အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ် KNDF စုံစမ်းနေ
အဖွဲ့၏ အမှတ်တံဆိပ်အသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ် KNDF စုံစမ်းနေ

ဖော်ပြပါခြိမ်းခြောက်စာ၌ KNDF အတွက် လက် နက်ခဲယမ်းရရှိစေရန် အလှူငွေကို ကောက်ခံရခြင်းဖြစ်ကြောင်း၊ သိန္ဒီမြို့ ဟိုဟိန်းခမ်း ရွှေဆိုင်မိသားစုမှ ကျပ်၆၀ သိန်းပေးသွင်းရမည်ဟု ဆိုသည်။

ထို့အပြင် သတ်မှတ်ထားသည့်အချိန်အတွင်း မပေးသွင်းနိုင်ပါက ကလးသူငယ်များအပါအဝင် မိသားစုဝင်များကို ဖြိုခွင်းဖမ်းဆီးပစ်ခတ်မည်ဖြစ်ကြောင်း နှင့် အသက်ကို အာမခံမည်မဟုတ် ကြောင်း စသည့် ခြိမ်းခြောက်မှုများရှိပါကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကနဦးအနေဖြင့် သိန္ဒီမြို့တွင် KNDF မှ စစ်ရေးအရသော်လည်းကောင်း၊ ဆက်ဆံရေးရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း လှုပ်ရှားခြင်းမရှိပေ။

ထို့အပြင် ပူးတွဲဖော်ပြပါစာသည် KNDF မှ ရေးသားပေးပို့ခြင်းလုံးဝမဟုတ်သကဲ့သို့ KNDF တပ်ဖွဲ့ဝင်များအားလည်း ပြည်သူလူထုထံမှခြိမ်းခြောက် ငွေညှစ်မှုကို KNDF မှ မူဝါဒအရ ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။

“KNDF ရဲ့မူအရရော ကျင့်ဝတ်အရ လူထုနဲ့ ပတ် သက်ရင်ဘယ်သောအခါမှ စည်းချိုးဖောက်မှာမဟုတ်ဘူး။အခုလို လုပ်တာက နာမည်ဖျက် ခြင်လို့ လုပ်တာ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မသမာသူများမှ ယခုကဲ့သို့ KNDFအမည်အား အလွဲသုံးပြီး စာအတုများဖြင့် ခြိမ်းခြောက် ငွေညှစ်သည့်လုပ်ရပ်များကို သတိရှိကြရန် နှင့် အလားတူဖြစ်ရပ်များ ကြုံတွေ့ရပါက ၎င်းတို့ထံ တိုင်ကြားရန် KNDF က တိုက်တွန်းသည်။

ထို့အပြင် ယခုဖြစ်စဥ်အား KNDF အနေဖြင့် ဆက်လက်စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

Facebook