တအာင်းတပ်မတော်(TNLA)အနေဖြင့် စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
‘၁၀၂၇ စစ်ဆင်ရေး’၁၀ရက်မြောက်နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာ ၅ရက် နံနက်တွင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုရှိ မန်ဝင်စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်သကဲ့သို့ နမ္မတူမြို့နယ် ပန်သပြေရွာရှိ စစ်ကောင်စီ စခန်းကိုလည်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။




ထို့ပြင် လားရှိုးနှင့် သိန္နီကြား (၁၄မိုင်နှင့် ၁၅မိုင်) ကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား လေးစီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်ကို ယနေ့နံနက် ၅နာရီတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ လက်နက် (၂)လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား လေးစီး သိမ်းဆည်းရခဲ့မိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

TNLAသည် ယနေ့ နံနက်တွင် သိမ်းပိုက်ခဲ့သည့်တပ်စခန်း ၂ခုအပါအဝင် စစ်ကောင်စီတပ်စခန်း ၂၈ခုကို ၁၀ရက်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
TNLA သိမ်းပိုက်ခဲ့သည့်တပ်စခန်း ၂၈ခုအပါအဝင် ‘၁၀၂၇ စစ်ဆင်ရေး’၁၀ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၃၅ခုကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။


















































