Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်လည်ဘူးမြို့ကို KIAနှင့် PDF သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်ပြော

မြို့သိမ်းတိုက်ပွဲသတင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လေ့ရှိပြီး ပင်လည်ဘူးမြို့ သိမ်းပိုက်နိုင်မှု အခြေအနေကို သတင်းထုတ်ပြန်မှု မတွေ့ရသေး၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

(စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ၂၀၂၁ မတ်လ ၂၇ ရက်က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့စဉ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ၂၀၂၁ မတ်လ ၂၇ ရက်က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့စဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို ယမန်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၃ရက်မှစတင်ပြီး စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားမှ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့် စစ်ကိုင်းနွေဦးစစ်ကြောင်းများက တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကောလင်းမြို့နှင့် တမူးမြို့နယ် ခမ်းပတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

“မနေ့က စစ်ကိုင်းတိုင်း ပင်လည်ဘူး မြို့ကို KIA+PDF သိမ်းပိုက်ထိန်းချုပ်လိုက်ပါပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်၊ လက်နက်ခဲယမ်းရရှိမှု အပါအဝင် စစ်ရေးဆိုင်ရာ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

​ဒေသခံတစ်ဦးကလည်း ​တော်လှန်​ရေးအဖွဲ့များက ပင်လည်ဘူးမြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မကြာခင် တာဝန်ရှိသူများက သတင်းထုတ်ပြန်လိမ့်မည်ဟု​ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လယ်ဘူးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညက အလံဖြူထောင်၍ လက်နက်ချလာခြင်းဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။

“ညက စစ်သားတွေက မြို့ထဲက တံတားပေါ်ကို အလံဖြူထောင်ပြီးတက်လာတာ။ စစ်ဒေသက သတင်းထုတ်ဖို့ရှိပါတယ်” ဟု ၎င်းကဆက်​ပြောသည်။

ယမန်နေ့ညက မြို့ကို PDFက သိမ်းယူပြီးနောက် စစ်ကောင်စီက ည ၈နာရီခန့်တွင်လေကြောင်းမှ နှစ်ကြိမ်ဗုံးလာကြဲခဲ့ကြောင်း သတင်းရရှိသည်။

ပင်လယ်ဘူးမြို့ အ​ရှေ့ဘက်တွင် ဝန်းသို ၊ ​တောင်ဘက်တွင်​ကောလင်း၊ ကျွန်းလှ ၊ အ​နောက်ဘက်တွင် ​ဖောင်းပြင် ၊ ​မြောက်ဘက်တွင် ဗန်း​မောက်မြို့နယ်တို့နှင့်ဆက်စပ်​နေသည်။

ကသာခရိုင်အတွင်းတည်ရှိပြီး ၂၀၁၉ လူဦး​ရေ စာရင်းအရ ပင်လယ်ဘူး မြို့​ပေါ်တွင်လူဦး​ရေ ၅၈၀၀ ဦး​ကျော်၊ ​ကျေးလက်တွင် လူဦး​ရေ ၇၉၀၀၀ ​​ကျော်​နေထိုင်သည်။

မြို့သိမ်းတိုက်ပွဲသတင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လေ့ရှိပြီး ပင်လည်ဘူးမြို့ သိမ်းပိုက်နိုင်မှု အခြေအနေကို သတင်းထုတ်ပြန်မှု မတွေ့ရသေး၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။