Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီ ရေယာဥ်နှင့် ရှေ့ပြေးကင်းတန်းအား PDFတွေ တိုက်ခိုက်

ယမန်နေ့ (နိုဝင်ဘာ ၈ရက်) နံနက်ပိုင်းက ယာဥ် ၁၇စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ်သို့ ထွက်ခွာလာခဲ့သည်။

(မီးရှို့ခံရသည့် လက်တောင်းငယ်ကျေးရွာအတွင်း ဝင်ရောက်မီးငြိမ်းသတ်ပေးနေသည့် ရဲဘော်များ။ ဓာတ်ပုံ-ABSDF)
(မီးရှို့ခံရသည့် လက်တောင်းငယ်ကျေးရွာအတွင်း ဝင်ရောက်မီးငြိမ်းသတ်ပေးနေသည့် ရဲဘော်များ။ ဓာတ်ပုံ-ABSDF)

▪️စစ်ကောင်စီတပ်က ကျေးရွာမီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၆၀ကျော် ပြာကျ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စစ်ကောင်စီ၏ ရေယာဥ်နှင့် ရှေ့ပြေးကင်းတန်းအား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ယမန်နေ့ (နိုဝင်ဘာ ၈ရက်) နံနက်ပိုင်းက ယာဥ် ၁၇စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ်သို့ ထွက်ခွာလာခဲ့သည်။

အဆိုပါ ယာဥ်တန်းအား လုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီ ရှေ့ပြေးကင်းတန်းမှ စစ်ကောင်စီတပ်သားများအား နံနက် ၇နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ABSDF စစ်ကြောင်း(၃)ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ခံရသည့် လက်တောင်းငယ်ကျေးရွာအတွင်း ဝင်ရောက်မီးငြိမ်းသတ်ပေးနေသည့် ရဲဘော်များ။ ဓာတ်ပုံ-ABSDF)
(မီးရှို့ခံရသည့် လက်တောင်းငယ်ကျေးရွာအတွင်း ဝင်ရောက်မီးငြိမ်းသတ်ပေးနေသည့် ရဲဘော်များ။ ဓာတ်ပုံ-ABSDF)

“ယာဥ်တန်းရဲ့ရှေ့မှာ ခြေကျင်လုံခြုံရေးပေါ့ ခြေကျင်ပွိုင့်ထွက်လာတဲ့ စစ်ကောင်စီရဲ့ကာကင်းအဖွဲ့ကို မိုင်းဆွဲခဲ့တာပါ။ ၂၀ ဝန်းကျင်လောက်တော့ရှိမယ် ထင်တယ်။ နှစ်ဦးက မိုင်းကွင်းထဲမှာမြောက်တက်သွားတာတွေ့လိုက်ရတယ်။ ထိခိုက်ဒဏ်ရာများတယ်။”ဟု ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ABSDF စစ်ကြောင်း (၃)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့၍ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်တောင်းငယ်ကျေးရွာအား မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း ABSDF စစ်ကြောင်း(၃) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အိမ်ခြေ ၆၀ ကျော်လောက်ပါသွားတယ်။ ကျွဲ၊နွားတိရိစ္ဆာန်သေဆုံးမှုတွေလည်း များတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာ၇ ရက် နံနက်၁၁နာရီခန့်ကလည်း မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စစ်ကောင်စီရေယာဉ်နှစ်စီးကို ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ လက်နက်ငယ်များဖြင့် ပစ်ခက်တိုက်ခိုက်တိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အထက်မှာတင်နေတဲ့မော်တော်ဆီသွားတာ။”ဟု Chindwin Brothers အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား CHINDWIN BROTHERS၊ PEACOCK BROTHER၊ အုပ်ကြီးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။