Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်ဒေသရှိ သံလွင်တံတားကို တိုက်ခိုက်ထိန်းချုပ်ထားဟု MNDAA အသိပေး

နိုဝင်ဘာ ၈ရက် ညပိုင်းမှစတင်ပြီး ရန်ခန့်ကျေးရွာ အရှေ့ဘက်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

(နိုဝင်ဘာ၇ ရက်တွင် MNDAAမှ တာပါးတုတံတား(သံလွင်တံတား)ကို ထိန်းချုပ်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(နိုဝင်ဘာ၇ ရက်တွင် MNDAAမှ တာပါးတုတံတား(သံလွင်တံတား)ကို ထိန်းချုပ်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

စစ်အစိုးရလက်ထက်ကတည်ဆောက်ခဲ့ပြီး စစ်တပ်က အစဉ်ထိန်းချုပ်ထားသည့် သံလွင်တံတား (တာပါးတံတား)ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က အသိပေးထုတ်ပြန်သည်။

ကိုးကန့်ခရိုင် ရှီးရှမ်းဒေသ၊ မန်လော်အုပ်စု ရန်ခန့်ရွာရှိ သံလွင်တံတားကို နိုဝင်ဘာ ၆ရက်ညနေတွင် လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ရက် နံနက်တွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိပြီး ကျန်တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း အသိပေးထားသည်။

ယင်းတံတားသည် သံလွင်မြစ်၏ကမ်းနှစ်ဖက်ကိုဆက်သွယ်ထားပြီး ကိုးကန့်နှင့် မုံးကိုးခရိုင် ၊ မိုင်ကျက်ဒေသကို ဆက်သွယ်ထားသောအဓိက လမ်းကြောင်းလည်းဖြစ်သည်ဟု အသိပေးသည်။

အရှည်မီတာ(၁၀၀)ရှိ အဆိုပါရတံတားကို ၂၀၀၅ စစ်အစိုးရခေတ်က ဆောက်လုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှတောက်လျှောက် ထိန်းချုပ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေမှာ တာပါးတံတား(သံလွင်တံတား)မှ ရန်ခန့်ကျေးရွာနေရာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အပြီးထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၈ရက် ညပိုင်းမှစတင်ပြီး ရန်ခန့်ကျေးရွာ အရှေ့ဘက်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

မြောက်ပိုင်းညီနောင်အဖွဲ့မှ ‘၁၀၂၇ စစ်ဆင်ရေး’ ဆောင်ရွက်လာသော အချိန်ကာလတလျှောက် တွင် စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေး များစွာကို သိမ်းပိုက်နိုင်ခဲ့ရာ ကွမ်းလုံတံတားနှင့် တာပါးတံတား(သံလွင်တံတား)စသည့်တံတားများနှင့် အသေးစားလှေဆိပ်ကမ်းလည်းပါဝင်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။