Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုအတွက် စစ်ရေးအရှိန်မြှင့်သွားမည်ဟု CDF မတူပီ ထုတ်ပြန်

အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်ရေးအရှိန်ပိုမိုမြှင့်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF မတူပီက ထုတ်ပြန်ထားသည်။

(နိုဝင်ဘာ ၁၅ရက်က မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံကြဲတိုက်ခိုက်၍ သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ - Chinland Defense Force Matupi)
(နိုဝင်ဘာ ၁၅ရက်က မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံကြဲတိုက်ခိုက်၍ သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ - Chinland Defense Force Matupi)

အပြစ်မဲ့ပြည်သူများအားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုအတွက် စစ်ရေးအရှိန်ပိုမိုမြှင့်သွားမည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက သတိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၁၅ရက် ညနေက မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်ရှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး ‌သေဆုံးခဲ့သည်။ ထို့အပြင် လူနေအိမ် (၂၂)လုံး၊ ဘုရားကျောင်းတစ်ကျောင်းနှင့် စာသင်ကျောင်းနှစ်ဆောင်လည်းပျက်စီးခဲ့သည်။

အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်ရေးအရှိန်ပိုမိုမြှင့်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF မတူပီက ထုတ်ပြန်ထားသည်။

“စစ်ကောင်စီရဲ့လုပ်ရပ်က ယောင်္ကျားသားမဆန်ဘူး။ အရပ်သားကို ကာဗာလုပ်တယ်။ သူတို့ ထိရင် အရပ်သားကို မဲပစ်တယ်။ ဒီအတွက်သူတို့ကို ထိထိမိမိ ပြန်တိုက်မယ်”ဟု ချင်းကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။ နိုဝင်ဘာ ၁၅ရက်တွင် ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အိန္ဒိယ – မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုလည်း နိုဝင်ဘာ ၁၃ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement