Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ
ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ

ပဲခူးတိုင်းအရှေခြမ်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ တောင်ခြေစခန်းငယ်တစ်ခု သိမ်းခံရပြီးနောက် တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ KNU ဗဟိုက အသိပေးပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ က ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၁ ရဲ့ တောင်ခြေစန်းငယ်ကို KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် စစ်တောင်းမြစ်ဘေးက ကျားချောင်းရွာ ၊ ထီးခေးလော့ ၊ အောက်ချင်းကျော် ရွာတွေက ဒေသခံ ၅၇၂ ဦး ထွက်ပြေးနေရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။