Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ
ရွှေကျင်မှာ ဒေသခံ ၅၀၀ကျော်ထွက်ပြေးနေရ

ပဲခူးတိုင်းအရှေခြမ်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ တောင်ခြေစခန်းငယ်တစ်ခု သိမ်းခံရပြီးနောက် တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ KNU ဗဟိုက အသိပေးပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ က ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၁ ရဲ့ တောင်ခြေစန်းငယ်ကို KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် စစ်တောင်းမြစ်ဘေးက ကျားချောင်းရွာ ၊ ထီးခေးလော့ ၊ အောက်ချင်းကျော် ရွာတွေက ဒေသခံ ၅၇၂ ဦး ထွက်ပြေးနေရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်ဒေသရှိ ပြည်သူ ၂ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။