Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

မောင်မယ်ရှောင် ကျေးရွာ၊ ရှင် ဓာတ်ဝဲ ဘုရားအနီးတွင် နှစ်ဘက် တပ်ဆိုင်ထားဆဲဖြစ်၍ပြည်သူများ စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

(စစ်ဆင်​ရေးတစ်ခုအတွင်း DGRF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-DGRF)
(စစ်ဆင်​ရေးတစ်ခုအတွင်း DGRF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-DGRF)

ထားဝယ်မြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်တွင် ၁၀ ဦးထက်မနည်း သေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်းတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲ ဘုရားအနီးမှ စစ်ကောင်စီတပ်ကိုDawei Guerilla Revolutionary Force – DGRF က နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၈ရက် ညက တိုက်ခိုက်မှုတွင် အပြန်အလှန် တိုက်ပွဲ မိနစ် ၃၀ခန့်ဖြစ်ခဲ့ပြီး ညအချိန်ဖြစ်၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုအတည် ပြုနိုင်ခြင်းမရှိသေး​ပေ။

သို့​သော်နိုဝင်ဘာလ ၁၉ ရက်က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားများ ဝိုင်းဖွဲ့အရက်သောက်နေစဉ် အလစ် အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခြောက်ဦးပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများထဲမှ လေး ဦး ထပ်မံသေဆုံးခဲ့ကြောင်းကိုDawei Guerilla Revolutionary Force – DGRF က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်က ဆယ်ဦးအနည်းဆုံးသေတယ်။ ဒါက အတည်ပြုနိုင်တယ်။ စစ်ရေးက ဆက်တင်းမာနေပါတယ်” ဟုတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့​သော် စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှု အ​ခြေအ​နေကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

မောင်မယ်ရှောင် ကျေးရွာ၊ ရှင် ဓာတ်ဝဲ ဘုရားအနီးတွင် နှစ်ဘက် တပ်ဆိုင်ထားဆဲဖြစ်၍ပြည်သူများ စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ထိုအပြင်နိုဝင်ဘာလ ၁၅ရက်ကလည်း ရေး-ထားဝယ်ကားလမ်းပေါ်မှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို DGDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်တွင် ၆ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း