ထားဝယ်မြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်တွင် ၁၀ ဦးထက်မနည်း သေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်းတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲ ဘုရားအနီးမှ စစ်ကောင်စီတပ်ကိုDawei Guerilla Revolutionary Force – DGRF က နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၈ရက် ညက တိုက်ခိုက်မှုတွင် အပြန်အလှန် တိုက်ပွဲ မိနစ် ၃၀ခန့်ဖြစ်ခဲ့ပြီး ညအချိန်ဖြစ်၍ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုအတည် ပြုနိုင်ခြင်းမရှိသေးပေ။
သို့သော်နိုဝင်ဘာလ ၁၉ ရက်က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားများ ဝိုင်းဖွဲ့အရက်သောက်နေစဉ် အလစ် အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခြောက်ဦးပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများထဲမှ လေး ဦး ထပ်မံသေဆုံးခဲ့ကြောင်းကိုDawei Guerilla Revolutionary Force – DGRF က သတင်းထုတ်ပြန်ထားသည်။
“စစ်ကောင်စီဘက်က ဆယ်ဦးအနည်းဆုံးသေတယ်။ ဒါက အတည်ပြုနိုင်တယ်။ စစ်ရေးက ဆက်တင်းမာနေပါတယ်” ဟုတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
သို့သော် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု အခြေအနေကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
မောင်မယ်ရှောင် ကျေးရွာ၊ ရှင် ဓာတ်ဝဲ ဘုရားအနီးတွင် နှစ်ဘက် တပ်ဆိုင်ထားဆဲဖြစ်၍ပြည်သူများ စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
ထိုအပြင်နိုဝင်ဘာလ ၁၅ရက်ကလည်း ရေး-ထားဝယ်ကားလမ်းပေါ်မှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို DGDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်တွင် ၆ဦး သေဆုံးခဲ့ကြောင်း သိရသည်။
