Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်

စစ်ကောင်စီ၏ နမ့်ဆန်နှင့် မိုင်ငေါ့တပ်စခန်းတို့မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(ရှမ်းမြောက်၌ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်၌ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်းများကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲသတင်းများကို ဖော်ပြရာ ယမန်နေ့(နိုဝင်ဘာ ၁၉ရက်)က နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဉ်းဦးစီးစခန်း၊ ကျုအင်း အကျဉ်းဦးစီးစခန်း၊ ခိုဟို အကျဉ်းဦးစီးစခန်း၊ ကုန်းစံ အကျဉ်းဦးစီးစခန်း (၄)ခုကို TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း လက်နက်မျိုးစုံ (၁၀၄)လက်၊ ကျည်မျိုးစုံနှင့် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းက ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ မှိုင်ဟွမ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ရှမ်းမြောက်၌ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်၌ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

အဆိုပါ တပ်စခန်း ၅ခု အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၅၀ နီးပါးကို TNLAက သိမ်းပိုက်ရရှိထားသည်။

TNLAသည် နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းအား ယနေ့ ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။ အဆိုပါ စခန်းသစ်ကုန်းကို ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူ အသုံးပြု ခုံခံနေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာအတွင်းသို့ ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးဖြင့် ယမန်နေ့ညက ကြဲချတိုက်ခိုက်ခဲ့၍ ကလေးငယ် အပါအဝင် အရပ်သား ၂ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်။

(ရှမ်းမြောက်၌ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်၌ စစ်ကောင်စီတပ်စခန်းနှင့် အကျဉ်းစခန်း ၅ခုကို TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

စစ်ကောင်စီ၏ နမ့်ဆန်နှင့် မိုင်ငေါ့တပ်စခန်းတို့မှ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို ယမန်နေ့ညပိုင်းက ပေါင် ၅၀၀ဗုံးကြဲချ တိုက်ခိုက်ခဲ့၍ စစ်သုံ့ပန်း ၄ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။