Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးကန့်၌စစ်ပွဲအတွင်း ပိတ်မိနေသည့်အလုပ်သမား ၂၂ ဦးကိုMNDAAကလုံခြုံသည့်နေရာသို့ ပို့ဆောင်​ပေးဟုအသိ​ပေး

(၁၀၂၇)စစ်ဆင်ရေးအတွင်း ပိတ်မိသည့်ပြည်သူများရှိပြီး စစ်ရေးကော်မတီ၏ တောင်းဆိုမှုအတိုင်း စစ်ပွဲအခြေအနေပေါ်မှုတည်၍ ပိတ်မိခံရသောဒုက္ခသည်များကို MNDAAက လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု MNDAAက အသိ​ပေးထားသည်။

(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)
(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)

ကိုးကန့်ဒေသ စစ်ပွဲအတွင်း ပိတ်မိနေသည့် အလုပ်သမား ၂၂ ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ကိုးကန့်ခရိုင်၊ မင်ကျူအုပ်စု၊ ရှင်ကိုင်ရွာရှိ နေအိမ်တစ်အိမ်တွင် ဗမာလူမျိုး အလုပ်သမား ၂၂ ဦးအား MNDAက နယ်မြေရှင်းလင်းချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့အား အထောက်အထားစိစစ်ပြီးနောက် MNDAAက ဘေးကင်းလုံခြုံသည့်နေရာသို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း MNDAA ကထုတ်ပြန်သည်။

အဆိုပါ(၂၂)ဦးသည် လောက်ကိုင်ဒေသတွင် ကြံခုတ်ခြင်းနှင့် ပြောင်းဖူးရိတ်သိမ်းခြင်းလယ်ယာလုပ်ငန်းများကို ကာလအတန်ကြာ လုပ်ကိုင်လာကြသူများဖြစ်သည်။ တိုက်ပွဲဖြစ်ပွားချိန် ရှင်ကိုင်ရွာရှိ ၎င်းတို့သူ‌ဌေးအိမ်ပေါ်တွင် တိမ်းရှောင်မှီခိုခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)
(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)

(၁၀၂၇)စစ်ဆင်ရေးအတွင်း ပိတ်မိသည့်ပြည်သူများရှိပြီး စစ်ရေးကော်မတီ၏ တောင်းဆိုမှုအတိုင်း စစ်ပွဲအခြေအနေပေါ်မှုတည်၍ ပိတ်မိခံရသောဒုက္ခသည်များကို MNDAAက လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု MNDAAက အသိ​ပေးထားသည်။

ထိုအပြင် MNDAAသည် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ဒုက္ခသည်နှင့် အလင်းဝင်လာသူစုစုပေါင်း၂၈၉ဦးကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

လောက်ကိုင်မြို့မှ ပြည်ပနိုင်ငံသားများနှင့် ပြည်သူများမှာ​ဘေးလွတ်မည်ထင်ရာထွက်သွားခြင်း ၊ပြည်ပမှလာ​ရောက်အလုပ်လုပ်သူများကို သက်ဆိုင်ရာနိုင်ငံအစီအစဥ်ဖြင့် ​ခေါ်ထုတ်သွားခြင်းများရှိ​သော်လည်း ပြည်တွင်းမှ သွား​ရောက်လုပ်ကိုင်ပြီးလမ်းများပိတ်ထား၍ ပိတ်မိ​နေသူများကျန်ရှိ​နေဆဲဖြစ်သည်။

မြို့​ပေါ်ရှိ အလုပ်များရပ်နားသွားပြီး လမ်းများပိတ်ဆို​နေသဖြင့် ကုန်​ဈေးနှုန်းကြီးလွန်း​သော​ကြောင့်အခြား​ဒေသမှ သွား​ရောက်လုပ်ကိုင်​ပြီးပိတ်မိနေသူများမှာအခက်အခဲများစွာကြုံ​နေသဖြင့် ရက်အနည်းငယ်ဖြစ်​စေလမ်းများဖွင့်​ပေး​စေလို​ကြောင်း အလုပ်သွား​ရောက်လုပ်ကိုင်​သောပြည်သူအချို့က​ပြောသည်။

“ပြန်ဖို့အတွက် ရက်အတိအကျလေး ၊ငါးရက်လောက်ပြည်သူတွေကိုတရားဝင်ပြန်ခွင့်လေးပေး​စေချင်ပါတယ် ။ပြည်သူတွေက ဆက်နေလို့အဆင်မပြေလို့ပြန်ရင် စစ်တပ်ဘက်ကဗုံးကြဲတာတို့ သေနတ်နဲ့ပစ်တာတို့လုပ်ပါတယ်ရှင့်”ဟု​လောက်ကိုင်မြို့သို့အလုပ်သွားရောက်လုပ်ကိုင်ပြီး ပိတ်မိ​နေ​သောပြည်သူတစ်ဦးက​ပြောသည်။

ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ စစ်ဆင်ရေး တစ်လနီးပါးအတွင်း အရပ်သား ၅၀ကျော်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။