Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်၌စစ်ပွဲအတွင်း ပိတ်မိနေသည့်အလုပ်သမား ၂၂ ဦးကိုMNDAAကလုံခြုံသည့်နေရာသို့ ပို့ဆောင်​ပေးဟုအသိ​ပေး

(၁၀၂၇)စစ်ဆင်ရေးအတွင်း ပိတ်မိသည့်ပြည်သူများရှိပြီး စစ်ရေးကော်မတီ၏ တောင်းဆိုမှုအတိုင်း စစ်ပွဲအခြေအနေပေါ်မှုတည်၍ ပိတ်မိခံရသောဒုက္ခသည်များကို MNDAAက လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု MNDAAက အသိ​ပေးထားသည်။

(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)
(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)

ကိုးကန့်ဒေသ စစ်ပွဲအတွင်း ပိတ်မိနေသည့် အလုပ်သမား ၂၂ ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ကိုးကန့်ခရိုင်၊ မင်ကျူအုပ်စု၊ ရှင်ကိုင်ရွာရှိ နေအိမ်တစ်အိမ်တွင် ဗမာလူမျိုး အလုပ်သမား ၂၂ ဦးအား MNDAက နယ်မြေရှင်းလင်းချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့အား အထောက်အထားစိစစ်ပြီးနောက် MNDAAက ဘေးကင်းလုံခြုံသည့်နေရာသို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း MNDAA ကထုတ်ပြန်သည်။

အဆိုပါ(၂၂)ဦးသည် လောက်ကိုင်ဒေသတွင် ကြံခုတ်ခြင်းနှင့် ပြောင်းဖူးရိတ်သိမ်းခြင်းလယ်ယာလုပ်ငန်းများကို ကာလအတန်ကြာ လုပ်ကိုင်လာကြသူများဖြစ်သည်။ တိုက်ပွဲဖြစ်ပွားချိန် ရှင်ကိုင်ရွာရှိ ၎င်းတို့သူ‌ဌေးအိမ်ပေါ်တွင် တိမ်းရှောင်မှီခိုခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)
(ရပ်​ဝေးမှ အလုပ်လာ​သောအလုပ်သမားများကို MNDAA က ​ဘေးလွတ်ရာ​နေရာသို့ပို့​ဆောင်စဥ်။ ဓါတ်ပုံ-The Kokang)

(၁၀၂၇)စစ်ဆင်ရေးအတွင်း ပိတ်မိသည့်ပြည်သူများရှိပြီး စစ်ရေးကော်မတီ၏ တောင်းဆိုမှုအတိုင်း စစ်ပွဲအခြေအနေပေါ်မှုတည်၍ ပိတ်မိခံရသောဒုက္ခသည်များကို MNDAAက လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု MNDAAက အသိ​ပေးထားသည်။

ထိုအပြင် MNDAAသည် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ဒုက္ခသည်နှင့် အလင်းဝင်လာသူစုစုပေါင်း၂၈၉ဦးကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

လောက်ကိုင်မြို့မှ ပြည်ပနိုင်ငံသားများနှင့် ပြည်သူများမှာ​ဘေးလွတ်မည်ထင်ရာထွက်သွားခြင်း ၊ပြည်ပမှလာ​ရောက်အလုပ်လုပ်သူများကို သက်ဆိုင်ရာနိုင်ငံအစီအစဥ်ဖြင့် ​ခေါ်ထုတ်သွားခြင်းများရှိ​သော်လည်း ပြည်တွင်းမှ သွား​ရောက်လုပ်ကိုင်ပြီးလမ်းများပိတ်ထား၍ ပိတ်မိ​နေသူများကျန်ရှိ​နေဆဲဖြစ်သည်။

မြို့​ပေါ်ရှိ အလုပ်များရပ်နားသွားပြီး လမ်းများပိတ်ဆို​နေသဖြင့် ကုန်​ဈေးနှုန်းကြီးလွန်း​သော​ကြောင့်အခြား​ဒေသမှ သွား​ရောက်လုပ်ကိုင်​ပြီးပိတ်မိနေသူများမှာအခက်အခဲများစွာကြုံ​နေသဖြင့် ရက်အနည်းငယ်ဖြစ်​စေလမ်းများဖွင့်​ပေး​စေလို​ကြောင်း အလုပ်သွား​ရောက်လုပ်ကိုင်​သောပြည်သူအချို့က​ပြောသည်။

“ပြန်ဖို့အတွက် ရက်အတိအကျလေး ၊ငါးရက်လောက်ပြည်သူတွေကိုတရားဝင်ပြန်ခွင့်လေးပေး​စေချင်ပါတယ် ။ပြည်သူတွေက ဆက်နေလို့အဆင်မပြေလို့ပြန်ရင် စစ်တပ်ဘက်ကဗုံးကြဲတာတို့ သေနတ်နဲ့ပစ်တာတို့လုပ်ပါတယ်ရှင့်”ဟု​လောက်ကိုင်မြို့သို့အလုပ်သွားရောက်လုပ်ကိုင်ပြီး ပိတ်မိ​နေ​သောပြည်သူတစ်ဦးက​ပြောသည်။

ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ စစ်ဆင်ရေး တစ်လနီးပါးအတွင်း အရပ်သား ၅၀ကျော်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။