Connect with us

Hi, what are you looking for?

သတင်း

မူဆယ်(၁၀၅)မိုင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

၂၄ နာရီအတွင်း လက်နက်ချ၊ အညံ့ခံရန်ပြောထားသော်လည်း လက်နက်ချအညံ့မခံသော အဆိုပါ (၁၀၅)မိုင် စစ်ကောင်စီ စခန်းအား ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)
(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးရှိ မိုင်းယုကျေးရွာ၌ စစ်‌ကောင်စီ လေကြောင်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရကလေးငယ်တစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်းသေဆုံးသူ သုံးဦးရှိသွားပြီဖြစ်သည်။

မိုင်းယုကျေးရွာအတွင်းကို စစ်‌ကောင်စီက ယမန်နေ့(နိုဝင်ဘာ၂၇ရက်) ညနေ ၃နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

ယင်းနေရာအနီးမှ နွားခြံအတွင်း ကျရောက်‌ပေါက်ကွဲပြီး နွားခြံလုပ်သားနှစ်ဦးသေဆုံးကာအမျိုးသမီး နှစ်ဦး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရသည်။ ဒဏ်ရာရသူများအနက်မှ အသက် (၇)နှစ်အရွယ် ကလေးငယ်သည် ယနေ့ (နိုဝင်ဘာ၂၈ရက်) နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)
(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Ta’ang Post)

” ဆေးရုံမှာ ဆေးကုနေရင်းကနေ ကလေးတစ်ဦး ထပ်ဆုံးသွားပါတယ်။ လူနေရပ်ကွက်ပေါ်ကို ပစ်ချတာ တော်တော်လေး အကျည်းတန်ပါတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျန်သုံးဦးမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံနှင့် ပတ်ဝန်းကျင်ကို စစ်‌ကောင်စီက တိုက်ခိုက်မှုတွင် နိုဝင်ဘာ၂၆ရက်ကလည်း အရပ်သားနှစ်ဦး သေဆုံးခဲ့ရာ မူဆယ်မြို့နယ်တွင် စစ်ကောင်စီလက်ချက်ကြောင့် နှစ်ရက်အတွင်း အရပ်သား ငါးဦး သေဆုံးခဲ့ပြီဖြစ်သည်။

ရှမ်းမြောက်ဒေသ မူဆယ်မြို့အနီးရှိ(၁၀၅)မိုင် ရန်သူ့စစ်ဗျူဟာစခန်းကုန်းအား နိုဝင်ဘာ ၂၇ရက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တအာင်း(TNLA)၊ ကိုးကန့်(MNDAA)နှင့်ရက္ခိုင်(AA) တပ်များက ထုတ်ပြန်သည်။

(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)
(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Ta’ang Post)

၂၄ နာရီအတွင်း လက်နက်ချ၊ အညံ့ခံရန်ပြောထားသော်လည်း လက်နက်ချအညံ့မခံသော အဆိုပါ (၁၀၅)မိုင် စစ်ကောင်စီ စခန်းအား ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(၁၀၅)မိုင် စစ်ကောင်စီစခန်းတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

လက်နက်ချအညံ့ခံရန် ကြိုပြောထားသော်လည်း အညံ့မခံသောစခန်းများ၊ ပြည်သူလူထုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသောစခန်းများကိုလည်း ယခုနည်းတူ တစ်ခုပြီး တစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည်ယမန်နေ့က မူဆယ်၊ ကျောက်မဲ၊ လားရှိုးနှင့် မတ္တရာ မြို့နယ်များရှိနေရာ ၇ခုတွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက် ၁၈လက်သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။