Connect with us

Hi, what are you looking for?

သတင်း

ရွှေပန်းကုံးရဲစခန်းမှ စခန်းမှူးနှင့် ဒုရဲအုပ်နှစ်ဦးအပါအဝင် ၁၆ဦး အရှင်ဖမ်းဆီးထားဟု NUG အသိပေး

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

(ဖမ်းဆီးရမိသော ရွှေပန်းကုံးရဲစခန်းမှ စခန်းမှူးအပါအဝင် ၁၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-NUG ကာကွယ်ရေးဝန်ကြီးဌာန)
(ဖမ်းဆီးရမိသော ရွှေပန်းကုံးရဲစခန်းမှ စခန်းမှူးအပါအဝင် ၁၆ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-NUG ကာကွယ်ရေးဝန်ကြီးဌာန)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးကျေးရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး စခန်းမှူးနှင့် ဒုရဲအုပ်အဆင့် နှစ်ဦး အပါအဝင် ၁၆ဦး အရှင်ဖမ်းဆီးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နံနက် ၂ နာရီ ၁၅ မိနစ်မှ နံနက် ၃ နာရီ မိနစ် ၄၀ခန့်အထိ ရွှေပန်းကုံးကျေးရွာရဲစခန်းအား အမှတ် (၁)စစ်ဒေသ၊ အမှတ်(၂) ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အမှတ် (၁/၂/၃/၅) တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄)တပ်ရင်းနှင့် ဝက်လက်မြို့နယ်(ပကဖ)တို့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး စခန်းမှူးနေအောင်ကျော်နှင့် ဒုရဲအုပ်အဆင့် နှစ်ဦး အပါအဝင် အခြားအဆင့် ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ BA-94 – (၃)လက်၊ MA-13 – (၃) လက်၊ BA-63 – (၁၆) လက် (၃ လက် ပျက်စီး)၊ BA-64 – (၁) လက်၊ 79 ဗုံးပစ်လောင်ချာ – (၁)လက်၊ ၁၂ ဗို့ ပြောင်းချော – (၂) လက်၊ ၃၈ ဗို့ ပြောင်းချော – (၁) လက်၊ ၃၈ ဗို့ ၆ လုံးပြူး – (၄) လက်၊ 7.62 (G3) ကျည် – (၅,၅၈၇) တောင့်၊ ၉ မမ ကျည် – (၇၀၀) တောင့်၊ ၃၈၀ ကျည် – (၆) တောင့်၊

ကိုးလုံးကျည် – (၈၉) တောင့်၊ ၃၈ ဗို့ ရာဘာကျည် – (၆) တောင့်၊ ၃၈ ဗို့ ဓာတ်ငွေ့ကျည် – (၁၈) တောင့်၊ လက်ပစ်ဗုံးသီး (၁၂) လုံး၊ ရှေ့ထွက်မိုင်း – (၆) လုံး၊ စိန်ရောင်ခြည်လက်ပစ်ဗုံး (၂၀) လုံး၊ G3 ကျည်ဘောက် (၂၈) ခု၊ MA-13/BA-94 ကျည်ဘောက် (၁၀) ခု၊ ကပ်သီး (ရှေ့ထွက်မိုင်းဖြုစ်) (၆) ခု၊ လှံစွပ် (၁၁) ခု၊ ဓား (၂) လက်၊ လက်ထိပ် (၇) ခု၊ Icon အစုံ (၁၅) လုံး၊Jammer – (၁) ခု၊ 4 Scope ၁ ခု၊ ကျင်စက် (၂) ခု၊ ဖုန်းမျိုးစုံ (၁၂) လုံး၊ ကျပ် ၉၀၈,၀၀၀ ၊ ဆိုင်ကယ် ၉ စီး သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ရဲစခန်းသို့ တံတားဦးမှ တက်လာသည့် တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် Mi-35 တစ်စီးဖြင့် တည်တောကျေးရွာသို့ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။

“ရွှေပန်းကုံးရဲစခန်းက ပြာကျသွားတယ်။ ပြည်သူအထိအခိုက်တော့မရှိဘူးလို့သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Facebook