Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် ရွှေပန်းကုံးတိုက်နယ်စခန်းတိုက်ပွဲ စခန်းမှူးအပါအဝင် ၁၆ဦး ဖမ်းဆီးရမိ

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိခဲ့သည်။

(ဖမ်းဆီးရမိသော ရွှေပန်းကုံးရဲစခန်းမှ စခန်းမှူးအပါအဝင် (၁၆) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(ဖမ်းဆီးရမိသော ရွှေပန်းကုံးရဲစခန်းမှ စခန်းမှူးအပါအဝင် (၁၆) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

▪️လက်နက်ငယ် ၃၁လက်နှင့် ခဲယမ်းများရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးတိုက်နယ်ရဲစခန်း တိုက်ခိုက်မှုအတွင်း စခန်းမှူးအပါအဝင် ၁၆ဦး ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။

ရွှေပန်းကုံးရွာ ရဲစခန်းအား အမှတ် (၂)ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့မှ နိုဝင်ဘာ ၂၁ ရက်တွင် စခန်းသိမ်း တိုက်ခိုက်အဖြစ် တိုက်ခိုက်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၃) ဦး သေဆုံးပြီး စခန်းမှူးအပါအဝင် ၁၆ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် လက်နက်ငယ် (၃၁) လက်၊ ကျည်မျိုးစုံ ၆,၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂လုံး၊ မိုင်း (၆) လုံး၊ ကျည်အိမ် (၃၈) ခု၊ ငွေကျပ် ၉သိန်းကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန်အတွင်း တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် Mi-35 တစ်စီးဖြင့် တည်တောကျေးရွာသို့ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ရွှေပန်းကုံးရဲစခန်းက ပြာကျသွားတယ်။ ပြည်သူအထိအခိုက်တော့မရှိဘူးလို့သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။