Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့အဝင်တိုးဂိတ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူများ၏ ကုန်တင်ယာဥ်များ မီးလောင်ပျက်စီး

ယမန်နေ့က ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင် အင်အား ၁၀၀ခန့်ရှိ စစ်‌ကောင်စီစစ်ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အဝင် တိုးဂိတ်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ ပြည်သူများ၏ ကုန်တင်ယာဥ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က လေကြောင်းကနေ ပစ်သွားတာပါ။ လေကြောင်းပစ်ပြီးတဲ့နောက် စခ(စစ်ကောင်စီတပ်သား)တွေက မြိုထဲလမ်းမှာ အော်ဟစ်ဆဲဆိုသွားတယ်”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ယခု ပစ်ခတ်ဖျက်ဆီးခံရသော တိုးဂိတ်သည် လားရှိုးမြို့ဘက်သို့သွားသည့် ပြည်ထောင်စုလမ်းမ၌ ရှိသည်။

ယမန်နေ့က ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင် အင်အား ၁၀၀ခန့်ရှိ စစ်‌ကောင်စီစစ်ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ထို့နောက် ညဘက်တွင် မြို့အဝင် တိုးဂိတ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများက ပြောသည်။ ယင်းသို့ အင်အားသုံးတိုက်ခိုက်မှုအတွက် ကျေနပ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် အကောင့်အချို့က ရေးသားနေသည်။

ယခု ကျောက်မဲမြို့အဝင် တိုးဂိတ်တိုက်ခိုက်ခံရမှု၌ အရပ်သားထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။ ပြည်သူများ၏ ကုန်တင်ယာဥ် သုံးစီး မီးလောင်ပျက်စီးခဲ့သည်။

(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက ‌ကျောက်မဲမြို့အဝင်တိုးဂိတ်အား လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

စစ်ကောင်စီသည် နိုဝင်ဘာ ၂၆ရက်နှင့် ၂၇ရက်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံနှင့် ပတ်ဝန်းကျင်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှတိုက်ခိုက်ခဲ့ရာ (၇)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

ပြည်သူလူထုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသောစခန်းများကို တစ်ခုပြီး တစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမှာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။