Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ အနောက်တောင်ပိုင်း ကမ်းခြေကို ဆိုင်ကလုန်းမုန်တိုင်း မိကျောင်း ဝင်ရောက်တိုက်ခတ်ပြီး ၁၇ ဦးသေဆုံး

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ မိကျောင်းဟာ ဆိုင်ကလုန်း အဆင့်ကနေ လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အားပြန်လျော့သွားပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း သတိပေး ကြေညာထားပါတယ်။

အိန္ဒိယ အနောက်တောင်ပိုင်း ကမ်းခြေကို ဆိုင်ကလုန်းမုန်တိုင်း မိကျောင်း ဝင်ရောက်တိုက်ခတ်ပြီး ၁၇ ဦးသေဆုံး
အိန္ဒိယ အနောက်တောင်ပိုင်း ကမ်းခြေကို ဆိုင်ကလုန်းမုန်တိုင်း မိကျောင်း ဝင်ရောက်တိုက်ခတ်ပြီး ၁၇ ဦးသေဆုံး

ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကမ်းခြေကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး အသေအပျောက် ၁၇ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်က အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ် ကမ်းရိုးတန်းကို မုန်တိုင်း ဖြတ်သန်းချိန်မှာ ကနဦးက အသေအပျောက် ၈ ဦးလို့ ထုတ်ပြန်ခဲ့ပေမယ့် နာရီပိုင်းအတွင်း ကိန်းဂဏန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဆိုင်ကလုန်းကြောင့် အိန္ဒိယ အရှေ့တောင်ပိုင်း ပြည်နယ်တချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုတွေ ကြုံခဲ့ရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် သစ်ပင်တွေ အမြစ်က ကျွတ်ထွက်တာ၊ ကားတွေ ခေါင်မိုးထိ ရေမြုပ်တာတွေ ကြုံခဲ့ပါတယ်။ အိန္ဒိယရဲ့ ခရီးသည် အဝင်အထွက် အများဆုံး စာရင်းဝင် ချန်နိုင်းလေဆိပ်ကို ပိတ်ခဲ့ရသလို ကျောင်းတွေ၊ ရုံးတွေ၊ ဆိုင်တွေ အများအပြားကိုလည်း ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ပိတ်ထားခဲ့ရပါတယ်။

ချန်နိုင်းဟာ မုန်တိုင်းကြောင့် ထိခိုက်သေကြေမှုတွေ အများဆုံး နေရာတစ်ခု ဖြစ်လာပြီး သေဆုံးမှုတွေရဲ့ အဓိက အကြောင်းရင်းက သစ်ကိုင်းပိမိတာ၊ ရေနစ်တာနဲ့ ဓာတ်လိုက်တာတွေ ဖြစ်ပါတယ်။ ချန်နိုင်းမှာတင် အသေအပျောက် တစ်ဒါဇင်ထက်မနည်း ရှိမယ်လို့ ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်း ဝင်ရောက်ချိန်မှာ လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၁၀၀ လောက်ထိ ပြင်းထန်ခဲ့တယ်လို့လည်း အိန္ဒိယ မိုးလေဝသ ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ မိကျောင်းဟာ ဆိုင်ကလုန်း အဆင့်ကနေ လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အားပြန်လျော့သွားပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း သတိပေး ကြေညာထားပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲမှာ ပေါ်ပေါက်လာတဲ့ ဆိုင်ကလုန်းတွေကို ဒေသတွင်း နိုင်ငံတွေက အလှည့်ကျ နာမည်ပေးလေ့ရှိပြီး ဒီတစ်ကြိမ်မှာတော့ မြန်မာက နာမည်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်ထဲမှာ စတင် စုစည်းဖြစ်ပေါ်ခဲ့တဲ့ မိကျောင်းဟာ အခုနှစ်အတွက် ဆဋ္ဌမမြောက် ဆိုင်ကလုန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။