Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်ဦးတည်စေလိုကြောင်း အိန္ဒိယပြော

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

(အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ် ။ ။ဓါတ်ပုံ-India today)
(အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ် ။ ။ဓါတ်ပုံ-India today)

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် လမ်းကြောင်းဆီ ပြန်လည် ဦးတည်နိုင်ရေးအတွက် အိန္ဒိယက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနှံ့မှာ အာဏာသိမ်း စစ်တပ်ကို ခုခံတွန်းလှန်တဲ့ စစ်ပွဲတွေ အရှိန်မြင့်တက်နေသလို ရခိုင်က ပဋိပက္ခတွေဟာ အိန္ဒိယအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့မှာတော့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခတွေဟာ အစုအဖွဲ့ပေါင်းစုံကြား အပြုသဘောဆန်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့သာ ပြေလည်စေပြီး ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်ဦးတည်နိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ်က အိန္ဒိယဟာ အိမ်နီးချင်း မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီ စနစ်မျိုးဆီ ပြန်လည် ရောက်ရှိစေလိုတယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်ဖက်က အခြေအနေတွေဟာ ရှုပ်ထွေးသိမ်မွေ့လွန်းနေပြီး လုံခြုံရေးကလည်း ဆက်တိုက် ယိုယွင်း ကျဆင်းနေကြောင်း၊ ဒါကြောင့် အိန္ဒိယ နိုင်ငံသားတွေ အနေနဲ့ ရခိုင်ပြည်နယ်ဖက် အသွားအလာ လုပ်တာမျိုး ရှောင်ရှားစေလိုကြောင်း သူက သတိပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လုံခြုံရေး ရှုထောင့်အရ ဘယ်လိုမှ စိတ်ချနိုင်စရာ မရှိတဲ့အတွက် လတ်တလောမှာ မြန်မာနိုင်ငံ ခရီးစဉ်တွေကို အတတ်နိုင်ဆုံး ရှောင်လွှဲဖို့လည်း နိုင်ငံသားတွေကို လေးလေးနက်နက် တိုက်တွန်းခဲ့ပါသေးတယ်။

အိန္ဒိယ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပြန်လည် တည်ဆောက်နိုင်ဖို့ လိုလားကြောင်း၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို အားပေးမှာဖြစ်ကြောင်းလည်း ဂျိုင်စ်ဝဲလ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံ အနှံ့မှာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ တစ်ဆင့်ချင်း အရှိန်မြင့်လာခဲ့ပြီး မနှစ်က နိုဝင်ဘာလကစလို့ အိန္ဒိယနဲ့နယ်စပ် ​ဒေသ​တွေမှာတိုက်ပွဲ​တွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ အာဏာသိမ်းစသ်​ကောင်စီကို သံတမန်ဆက်ဆံ​ရေး ပုံမှန်လုပ်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါအပြင် အာဏာသိမ်း​ပြီး​နောက်ပိုင်းမှာ​တောင် စစ်​ကောင်စီအတွက် လက်နက်​ရောင်း​ပေးတဲ့နိုင်ငံအနည်းငယ်ထဲပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ​ရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက​ပြောထားပါတယ်။ဒါ​ကြောင့် ဒီမိုက​ရေစီနိုင်ငံအမည်ခံပြီး စစ်​အာဏာရှင်​တွေကို ကူညီခဲ့တဲ့အတွက် ​ဝေဖန်မှု​တွေ ရှိခဲ့ပါတယ်။

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

ကိုးကား- DH

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။