Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ

ဇန်နဝါရီလ ၂၁ ရက်နေ့ညနေက တန်ဆည်မြို့အရှေ့ဘက်တစ်နေရာ၍ စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(တိုက်ပွဲမှ ပြန်လာ​သော PLA တပ်ဖွဲ့ဝင်များကို ပြည်သူများကပြည်သူများက ကြိုဆို​နေစဥ်။ဓါတ်ပုံ-PLA)
(တိုက်ပွဲမှ ပြန်လာ​သော PLA တပ်ဖွဲ့ဝင်များကို ပြည်သူများကပြည်သူများက ကြိုဆို​နေစဥ်။ဓါတ်ပုံ-PLA)

တန့်ဆည်မြို့တွင် စစ်ကောင်စီစစ်ကြောင်းအားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ၃၀ ဦးထက်မနည်း သေဆုံးကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ညနေက တန်ဆည်မြို့အရှေ့ဘက်တစ်နေရာ၍ စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

“ရေဦးကလာတဲ့ စစ်‌ခွေးကြောင်းနဲ့ တန့်ဆည်ကထွက်တဲ့စစ်ခွေးကြောင်း လူချိန်းပြီး အပြန်မှာ တိုက်တာ။ PLA က ရှေ့ကတိုက်တာ။ စစ်တပ်ဘက်က တော်တော်လေးကို ထိတယ်။ ညအထိ ကားတွေနဲ့လာသယ်နေတာ”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၊ TCRF(PLA) ၊ပကဖတပ်ရင်းများဖြစ်သော တပ်ရင်း ၁၀၊၁၆၊၈၊၇ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရပ်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။ ၃၀ဦးထက်မနည်းသေဆုံးကာ ဆယ်ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း PLA ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က ထိသွား‌တော့ လက်နက်ကြီး ရမ်းပစ်နေတယ်။ရှေ့ရက်တွေ စစ်ရေးတင်းမာလာနိုင်တယ်”ဟု Taze Tiger ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကပြောသည်။

တိုက်ခိုက်ခံရသောစစ်ကြောင်းသည် ညနေဘက်တွင်တန့်ဆည်မြို့ထဲသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။

တန့်ဆည်မြို့မှ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နှင့် နိုဝင်ဘာလ ၂၈ရက်တွင် အမှတ်(၁) စစ်ဒေသ ၊ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။ရဲစခန်းမှလွဲ၍ ကျန်နေရာများကိုသိမ်းယူနိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာထားခဲ့ကြသည်။

ထို​ကြောင့်ဒေသခံအများအပြားမှာလည်း စစ်​ဘေးရှောင်နေကြဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။