Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို ကာကွယ်တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းနည်းရှင်းလင်းရေးလုပ်ဆောင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။

(တန့်ဆည်မြို့မရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(တန့်ဆည်မြို့မရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီ​၏ အဓိက ခံစစ်ကုန်းဖြစ်သည့် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(နိုဝင်ဘာ၂၉ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တမြို့လုံးရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်သိမ်းပိုက်ထားပြီဟု သတင်းရရှိသည်။

“တန့်ဆည်မြို့က အဓိက စခန်းကိုသိမ်းပြီးပြီ။ ည ၁၁ ခွဲကနေ စတိုက်တာ။ ၄နာရီမှာအပြီးသိမ်းတယ်။ ၅နာရီမှာ‌ လေကြောင်းကနေ လာပစ်တယ်။ အခုလည်း လာပစ်နေတုန်းပဲ” ဟု ဒေသခံ ကာကွယ်ရေးသတင်းရင်းမြစ်ကယ​နေ့ နံနက် ၇ နာရီ​ကျော်တွင် ပြောသည်။

တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်က အထိုင်ချထားသည့် ဌာနဆိုင်ရာရုံးများကို နိုဝင်ဘာ ၂၂ ရက်တွင် တိုက်ခိုက်ပြီးနောက် နောက်ဆုံးခံစစ်ကုန်းဖြစ်သည့် ရဲစခန်းကို ယနေ့ တိုက်ခိုက်သိမ်းပိုက်ခြင်းဟု တန့်ဆည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ဟိုရက်က အမိန့်မရလို့ မတိုက်ခဲ့တာ ရဲစခန်းကို။အခုက အဲ့ဒီပစ်မှတ်ကို ရပြီ။ သိမ်းယူပြီးပြီ”ဟု အထက်ပါကာကွယ်‌ရေးရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများကို အသေးစိတ်မသိရှိရသေးပေ။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းနည်းရှင်းလင်းရေးလုပ်ဆောင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။