Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်တွင် ပြည်သူ ၂သိန်းခွဲနီးပါး စစ်ရှောင်နေရ

ဇန်နဝါရီ ၉ရက်မှ ၂၀ရက်အထိ ကျင်းပခဲ့သည့် ညောင်လေးပင်ခရိုင် ကွန်ကရက်၏ ထုတ်ပြန် ကြေညာချက်ကို KNU ဗဟိုက ယနေ့ တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

(တိုက်ပွဲဖြစ်ပွားမှုကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(တိုက်ပွဲဖြစ်ပွားမှုကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️အရပ်သား ၁၂၈ဦး သေဆုံးကာ ၃၅၀ ကျော်ဒဏ်ရာရဟု အသိပေး

စစ်တပ်က အာဏာသိမ်းမှုမှ ပေါက်ဖွားလာသည့် စစ်ရေးပဋိပက္ခကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း စစ်ဘေးရှောင်ပြည်သူ ၂၄၈,၀၀၀ ကျော်ရှိခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။

ဇန်နဝါရီ ၉ရက်မှ ၂၀ရက်အထိ ကျင်းပခဲ့သည့် ညောင်လေးပင်ခရိုင် ကွန်ကရက်၏ ထုတ်ပြန် ကြေညာချက်ကို KNU ဗဟိုက ယနေ့ တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ရေးပဋိပက္ခ အတွင်း အထူးသဖြင့် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် KNU ညောင်လေးပင်ခရိုင် အတွင်း အရပ်သား၊ ပြည်သူသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ အာဏာသိမ်းမှုနောက်ပိုင်း ဒေသခံ ပြည်သူ၊ ကလေးငယ်၊ ကျောင်းသားကျောင်းသူ၊ ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း ၁၂၈ဦး သေဆုံးခဲ့ရပြီး ၃၅၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိ ပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ပြည်သူများ ကြုံနေရသည့် စားဝတ်နေရေး အခက်အခဲ ဒုက္ခပေါင်းများစွာကို ပြည်သူအချင်းချင်း ရိုင်းပင်းကူညီစိတ်ဖြင့် ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်မှုကို လေးစားအသိအမှတ်ပြု ကြောင်း ဖော်ပြသည်။

ထို့ပြင် ပြည်တွင်း ပြည်ပမှ လူမှုရေးအသင်းအဖွဲ့များ၏ လူသားချင်း စာနာထောက်ထားသည့် ကူညီမှုများကိုလည်း အသိအမှတ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခု ရွေးချယ်တင်မြှောက်ခံရသည့် KNU ညောင်လေးပင်ခရိုင်တာဝန်ရှိသူများ အနေဖြင့် ပြည်သူများနှင့်အတူ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိရေးအတွက် အဖိနှိပ်ခံ ဘ၀တူတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ကြသည့် အဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်အတူတကွ ပူးပေါင်း ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

KNU ညောင်လေးပင်ခရိုင် နယ်မြေတွင် စစ်ကောင်စီတပ်ကို KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီက အရပ်သားများကို ဦးတည်ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍အရပ်သားသေဆုံးထိခိုက်မှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။