Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်၌ တော်လှန်ရေးအဖွဲ့က လက်လုပ် RPGများ တိုက်ပွဲအတွင်း စတင်အသုံးပြု

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ADPRAအဖွဲ့ တီထွင်ထုတ်လုပ်ထားသော RPGနှင့်အဖူးများအား တွေ့ရစဥ်။ ဓာတ်ပုံ - ADPRA)
(ADPRAအဖွဲ့ တီထွင်ထုတ်လုပ်ထားသော RPGနှင့်အဖူးများအား တွေ့ရစဥ်။ ဓာတ်ပုံ - ADPRA)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၌ လက်လုပ် RPGများ တီထွင်ထုတ်လုပ်ပြီး တိုက်ပွဲများအတွင်း စတင်အသုံးပြုနေကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ လက်လုပ် RPGများအား အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်(၃၀)၊တပ်ခွဲ(၂)ထုတ်လုပ်ရေးတပ်စုက ရဲဘော်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ထုတ်လုပ်ရေးဆရာတို့ ပူးပေါင်းတီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရင်ကတော့ RPG ကို တခြားတပ်ရင်းက ငှားပေးတာတို့၊ ခရိုင်ရုံးကငှားပေးတာလောက်ပဲ ပစ်ဖူးတယ်။ အခုဟာကတော့ ကိုယ်တိုင်ထုတ်တဲ့ RPGပေါ့။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အစစ်လောက်နီးပါး မဖြစ်ပေမယ့် Effective(ထိရောက်မှု)တော်တော်ဖြစ်တယ်။ တိုက်ပွဲသုံးပွဲလောက် သုံးပြီးပြီ။ ရန်သူ့ရိက္ခာလှည်းတို့ ဘန်ကာတို့ကို ထုဖူးတယ်။ ထိရောက်တယ်။ သူ့ရဲ့ထိရောက်တဲ့အကွာအဝေးကလည်း မီတာသုံးရာကနေ ငါးရာအထိပြေးတယ်။ ပစ်ခတ်သူအနေနဲ့ အန္တရာယ်မရှိ ပစ်ခတ်နိုင်တယ်။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

ဆက်လက်ပြီး နည်းပညာအဆင့်မြှင့်တင်ပြီးထုတ်လုပ်မျှဝေအသုံးပြုနိုင်ရန် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းအပါအဝင် တော်လှန်ရေးအားကောင်းရာ ဒေသများ၌ လက်လုပ်လက်နက်များ၊ မိုင်းများ စမ်းသပ်ရင်း ရဲဘော်အများအပြား သေဆုံးခြင်း၊ ခြေလက် အင်္ဂါဆုံးရှုံးခြင်းများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။