Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ပြည်နယ် နယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်မည်ဟု KNU ကြေညာ

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

(သောင်းရင်းမြစ်ဘေးရှိ KK Park နှင့် ရွှေကုက္ကိုလ်ဒေသအား မြင်တွေ့ရစဉ်။ Nikkei Asia၊ CJ)
(သောင်းရင်းမြစ်ဘေးရှိ KK Park နှင့် ရွှေကုက္ကိုလ်ဒေသအား မြင်တွေ့ရစဉ်။ Nikkei Asia၊ CJ)

▪️ယင်းလုပ်ငန်းများကို စစ်ကောင်စီက နောက်ကွယ်မှ အကာအကွယ်ပေး ထောက်ခံနေဟုဆို

ကရင်ပြည်နယ် နယ်စပ်တလျောက်ရှိ ငွေလိမ်ဂိုဏ်းများ၊တရားမဝင် ကာစီနို လောင်းကစား လုပ်ငန်းများအပေါ် နိုင်ငံတကာ၏ စိုးရိမ်မှု၊ တိုက်ဖျက်လိုမှု လုပ်ငန်းများနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ရပ်တည်ချက်ကို ဖေဖော်ဝါရီ ၁၃ရက်တွင် ထပ်မံ အသိပေးထုတ်ပြန်ခဲ့ရာ ယင်းလုပ်ငန်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

KNUသည် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းများကို အကြွင်းမဲ့ဆန့်ကျင်ပြီး တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ KNUသည် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းရှင်းလင်းသန့်စင်မည့်အိမ်နီးနားခြင်း နိုင်ငံများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံ၏ အစိုးရ အဆက်ဆက်က ကျင့်သုံးခဲ့သည့် စနစ်ဆိုးများနှင့် အဂတိလိုက်စားမှုများမှ အမြစ်တွယ် ပေါက်ဖွားလာခြင်းဖြစ်ပြီး အစိုးရ အဆက်ဆက် ၏ အဂတိလိုက်စားမှု ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်း တို့ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီသည်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်သည့် တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းများကို တိုက်ရိုက် အကျိုးခံစားခွင့်ရရှိနေခြင်းကြောင့် နောက်ကွယ် မှ အကာအကွယ်ပေးခြင်း၊ ထောက်ခံနေခြင်းများ ပြုလုပ်နေပြီး ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများကိုသာမက ပါဝင်ပတ်သက်နေသူအားလုံးအတွက် လူမှု ဒုက္ခမျိုးစုံနှင့်ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဆိုင်ရာလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါခြမ်းခြောက်နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(သောင်းရင်းမြစ်ဘေးရှိ KK Park နှင့် ရွှေကုက္ကိုလ်ဒေသအား မြင်တွေ့ရစဉ်။ Nikkei Asia၊ CJ)
(သောင်းရင်းမြစ်ဘေးရှိ KK Park နှင့် ရွှေကုက္ကိုလ်ဒေသအား မြင်တွေ့ရစဉ်။ Nikkei Asia၊ CJ)

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါလောင်းကစားစီမံကိန်းများသည် KNU ထိန်းချုပ်နယ်မြေအတွင်းရှိသည်ဟု ပြောဆိုမှုများကိုလည်း KNUက ရှင်းလင်းကာ ငြင်းပယ်ထားသည်။ အဆိုပါ ဒေသသည် KNU လွတ်လပ်စွာ အုပ်ချုပ်လို့ရသည့် အနေအထားမရှိဘဲ စစ်ကောင်စီ လက်လောက်ခံ အဖွဲ့အစည်းများ ရှိနေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကရင်သတင်းဌာန KIC ၏ မေးမြန်းချက်ကို ၂၀၂၃ မတ်လတွင် ဖြေကြားခဲ့သည်။

“အားလုံးသိတဲ့ အတိုင်းပဲ ၁၉၉၄၊ ၉၅ ကစပြီးတော့ KNUက ခွဲထွက်သွားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီ တချို့ အဖွဲ့တွေက သူ့ဟာသူ ရပ်တည်တယ်။ တချို့အဖွဲ့တွေက စစ်ကောင်စီ အထူးသဖြင့် လက်ရှိ ကာလ အကြမ်းဖက်စစ်ကောင်စီ အောက်မှာ လုံး၀ ထိန်းချုပ်မှုရှိတယ်။ ဆိုတော့ အဲဒီ လူတွေရဲ့ လုပ်ရပ်တွေ သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ ဘယ်လိုမှ ဝင်သွားစွက်ဖက်လို့မရဘူး။ဆိုတော့ အဲဒီ အဖွဲ့တွေက သူလုပ်တဲ့ဟာ ကျနော်တို့ အကုန်လုံးတာဝန်ယူလို့မရဘူး။ အဲဒါလုပ်တဲ့ဟာ ကျနော်တို့ လုပ်ပါတယ် ကျနော်တို့ ခွင့်ပြုပါတယ် လာပြောတာက ဒါလုံး၀ ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး ပြောတာပဲဖြစ် တယ်”ဟု ပဒိုစောတောနီးက ပြောကြားသည်။

စစ်ကောင်စီ ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်၍ မရကြောင်း ၊ အချို့အဖွဲ့သည် စစ်ကောင်စီ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိကြောင်း ၎င်းက ပြောပြသည်။

“ဒါပေမဲ့ လက်ရှိကာလမှာ အထူးသဖြင့် KNUကို ပြန်ပြီးတော့ ဦးလှည့်ပြီးတော့KNUက ခွင့်ပြုချက်ပေးပြီးတော့ လုပ်ရတယ်ဆိုတာ ဒါကလုံး၀ မဖြစ်သင့်တဲ့ကိစ္စ။ ဒီနယ်မြေတွေက ကျနော်တို့လုံးလုံး အကုန်လုံးထိန်းချုပ်လို့မရဘူး။ အဲဒီအဖွဲ့တွေက ဘာလုပ်နေလဲဆိုတာ ကျနော်တို့ သွားပြီးတော့ထိန်းချုပ်လို့မရဘူးဆိုတော့ ဒီလောင်းကစားတွေ၊ ဒီလူကုန်ကူးမှု ကိစ္စတွေ၊ တရားမဝင်တဲ့ လုပ်ငန်းတွေ အများကြီး ဖြစ်ပေါ်နေတာ သိတယ်။ ဒါပေမဲ့ ကျနော်တို့ ဘယ်လိုမှ သွားပြီးတော့ စွက်ဖက်လို့မရဘူးဆိုတာ အဲဒီ အပိုင်းမှာတော့ ကျနော်တို့ လုံး၀ မပတ်သက်ဘူးဆိုတာရှင်းနေတာပဲ”ဟု ပဒိုစောတောနီးက ပြောကြားသည်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကစစ်ဆင်ရေးအသွင် တိုက်ဖျက်နေသည့် အခြေအနေတွင် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်အပါအဝင် ရှမ်းမြောက်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း များကို စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်အဖွဲ့များ၊ စစ်ကောင်စီ အပေါင်းအပါများက လုပ်ဆောင်နေခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက အကာအကွယ်ပေးမှုများ လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းများကို တိုက်ဖျက်မည်ဟု ဆိုကာ တအာင်း၊ ကိုးကန့် ၊ ရက္ခိုင် ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်က ရာနှင့်ချီသည့် တပ်စခန်းများနှင့် မြို့များကို ဆုံးရှုံးခဲ့ရပြီး ညီနောင်ဟာမိတ်တပ်များကလက်ရှိ အချိန်ထိ ထိန်းချုပ်ထားသည်။ အဆိုပါ စစ်ဆင်ရေးနောက်ပိုင်းတွင် စစ်ကောင်စီက ၎င်းတို့အကာအကွယ်ပေးထားသည့် အွန်လိုင်းလိမ်လည်လုပ်ငန်း ကြိုးကိုင်သူများကိုတရုတ်ထံ အပ်နှံခဲ့ပြီးနောက်ရှမ်းမြောက်တွင် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေးပေါ်ပေါက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။