Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီနှင့်နီးစပ်​သော​ကော့​သောင်းမြို့မှနာမည်ကြီးလုပ်ငန်းရှင် ဦး​ကျော်လွင်အပါအဝင် လူပုဂ္ဂိုလ် ၁၈ ဦးအား ကျားဖြန့်၊​ငွေ​​ကြေးခဝါချမှုပုဒ်မမျာဖြင့် ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်

(ရ​နောင်းမြို့ရှိ ဦး​ကျော်လွင်၏ ​နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ဝင်​ရောက်ရှာ​ဖွေ သိမ်းဆည်း​နေစဥ်)
(ရ​နောင်းမြို့ရှိ ဦး​ကျော်လွင်၏ ​နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ဝင်​ရောက်ရှာ​ဖွေ သိမ်းဆည်း​နေစဥ်)

စစ်ကောင်စီနှင့် နီးစပ်သည့် ကော့သောင်းမြို့မှနာမည်ကြီး လုပ်ငန်းရှင် ဦးကျော်လွင် အပါဝင် လူပုဂ္ဂိုလ် ၁၈ ဦးအားအွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့် )နှင့်ငွေကြေးခဝါချမှုပုဒ်မများဖြင့် ထိုင်းအစိုးရ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ကော့သောင်းမြို့ခံများကပြောသည်။

“မနေ့ကတည်းပ သတင်းအစထွက်နေတာ။ ဒီနေ့တော့ ထိုင်းသတင်းစာတွေထဲလည်းပါပြီ။ ကော့သောင်းတမြို့လုံးလည်း သိကုန်ပြီ။ သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ခရိုနီဦးကျော်လွင်တော့ ပြေးပေါက်ပိတ်ပြီထင်တယ်” ဟု ကော့သောင်းမြို့ခံတစ်ဦးကပြောသည်။

ထိုင်းရဲတပ်ဖွဲ့က ဦးကျော်လွင် အပါဝင် လူ ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ပြီးနောက်ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဦးကျော်လွင်နှင့် ဆက်စပ်သော နေအိမ်အဆောက်အအုံများကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ထိုင်းသတင်းဌာနများကဖော်ပြထားသည်။

(ရ​နောင်းမြို့ရှိ ဦး​ကျော်လွင်၏ ​နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ဝင်​ရောက်ရှာ​ဖွေ သိမ်းဆည်း​နေစဥ်)
(ရ​နောင်းမြို့ရှိ ဦး​ကျော်လွင်၏ ​နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ဝင်​ရောက်ရှာ​ဖွေ သိမ်းဆည်း​နေစဥ်)

ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ရနောင်းမြို့ ဖေမိုင်ရပ်ကွက်ရှိ နေအိမ်အချို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဝင်ရောက် စစ်ဆေးပြီး တန်းဖိုးကြီး လက်ဝတ် ရတနာ ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ၊ သန်းချီသော ထိုင်းဘတ်ငွေများကို သိမ်းဆည်းကာ ချိတ်ပိတ်သွားကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အခြားကော့သောင်းမြို့ခံတစ်ဦးကလည်း”ဦးကျော်သောင်းက ခရိုနီပဲ။ သူကစစ်ကောင်စီနဲ့တွဲပြီး အလုပ်လုပ်နေတာ။ သူ ဝရမ်းထုတ်ခံရတာ ဟုတ်တယ်။ ကျားဖြန့်ပြဿနာပါတယ်လို့သိရတယ်” ဟုပြောသည်။

ဦးကျော်လွင်ပိုင်ဆိုင်သည့် ကော့သောင်းမြို့မှ သူဌေးကျွန်းဟိုတယ်သည် တရုတ်နှင့် ထိုင်းနိုင်ငံသားများအပြားလာရောက်ပြီး ကာစီနိုအပါအဝင် လောင်းကစားမျိုးစုံ လုပ်ကိုင်နေသည့် ဟိုတယ်ဖြစ်ကြောင်း ယင်းဟိုတယ်၌တည်းခိုဖူးသူတစ်ဦးကလည်းပြောသည်။

(ရ​နောင်းမြို့ရှိ ဦး​ကျော်လွင်၏ ​နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ဝင်​ရောက်ရှာ​ဖွေ သိမ်းဆည်း​နေစဥ်)
(ရ​နောင်းမြို့ရှိ ဦး​ကျော်လွင်၏ ​နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန(DSI)က ဝင်​ရောက်ရှာ​ဖွေ သိမ်းဆည်း​နေစဥ်)

ယခုအခါ ဦးကျော်လွင်အား ထိုင်းရဲတပ်ဖွဲ့ကစွပ်စွဲထားသည့်အမှု၌ ကျားဖြန့်လုပ်ငန်းပါ ပါဝင်နေသည်ဟု သိရသည်။ ကရင်ပြည်နယ်ရှိ BGF ထိန်းချုပ်ဒေသ ‌ KK Park အပါအဝင် ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့များမှ ကျားဖြန့်လုပ်ငန်းများကို အရေးယူနိုင်ရေး ထိုင်းအစိုးရက ကြိုးစားနေစဉ် စစ်ကောင်စီနှင့်နီးစပ်သည့် ခရိုနီတစ်ဦးကို ဝရမ်းစထုတ်လာခြင်းဖြစ်သည်။

ဦးကျော်လွင်သည်စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်ဆက်ဆံရေးရှိပြီး လတ်တလောတွင်လည်း တနင်္သာရီတိုင်းအတွင်း၌ စက်သုံးဆီတင်သွင်းရောင်းချခွင့်ရရှိထားသူဖြစ်ကြောင်း ဒေသခံလုပ်ငန်းရှင်အချို့ကပြောသည်။

ဦးကျော်လွင်သည် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံစလုံးတွင် နိုင်ငံသားခံထားသူဖြစ်ကြောင်း သတင်းထွက်​နေသော်လည်း People’s Spring က သီးခြားအတည်မပြုနိုင်သေးပေ။ ယခုသတင်းနှင့်ပတ်သက်၍ ဦးကျော်လွင်နှင့် ၎င်းပိုင်ဟိုတယ်ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်းအဆက်အသွယ်မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။