Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေး ထုတ်ပြန်သည်။

မနိုဘယ်လ်‌အေးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဟု မိသားစုဝင်များ၏ ပြောဆိုချက် ကိုးကား၍ PPNMက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇန်နဝါရီ ၂၉ရက်က လက်နက်များသယ်ဆောင်လာသည်ကို သတင်းရသည့်အတွက် ပဲခူးမြို့အဝင်တွင် မော်တော်ကားတစ်စီးအား စစ်ဆေးရာ နနွင်းအိတ်ဖြင့်ဝှက်သယ်လာသော စနိုက်ပါ တစ်လက်၊ အမ် (၁၆) သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိသည်ဟုစွပ်စွဲကာ မနိုဘယ်လ်အေးနှင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးခြင်းဟု ထုတ်ပြန်ထားသည်။

ဖမ်းဆီးပြီးနောက် ရုံးထုတ်စဉ် ထွက်ပြေးရန် ကြိုးပမ်းသည်ဟိုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု ဖော်ပြထားကြသည်။

Public Service Announcement

Public Service Announcement

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

၂၀၀၇က ရွှေဝါရောင်သပိတ်တွင်လည်း ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ကိုဗစ်ရောဂါ ကာလကလည်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး စစ်တပ်က နိုင်ငံတော် အာဏာသိမ်းသည်ကို ဆန့်ကျင်ခဲ့သူလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။