Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းသား ၇၀၀၀ ကျော်လွှတ်ရာမှာ နိုင်ကျဉ်းဦးရေ ၁၀၀ဝန်းကျင်သာပါဝင်

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

ဒီနေ့ (သြဂုတ် ၁ ရက် ) အင်းစိန်ထောင်ရှေ့ မြင်ကွင်း
ဒီနေ့ (သြဂုတ် ၁ ရက် ) အင်းစိန်ထောင်ရှေ့ မြင်ကွင်း

ဒီနေ့ ဝါဆိုလပြည့်နေ့မှာ စစ်ကောင်စီက အကျဉ်းသား ၇၇၀၀ ကျော် လွတ်ငြိမ်းပေးရာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးဝန်းကျင်သာ ပါလာတာကို အတည်ပြုနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဆိုပါတယ်။

အဲဒီစာရင်းဟာ ဒီနေ့ညနေ ၅ နာရီအထိ ကောက်ယူရရှိတဲ့စာရင်းဖြစ်ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်သူကတော့ ၂၀ ဦးပဲရှိသေးတယ်လို့သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

အခုလို အကျဉ်းသားတွေလွှတ်ပေးတဲ့နေ့ဟာ စစ်ခေါင်းဆောင် ဘုရားဒကာအမည်ခံပြီး နေပြည်တော်မှာ တည်ထားတဲ့ ကျောက်ဆင်းတုဘုရားကြီးအနေကဇာတင်တဲ့နေ့လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဒီနေ့ မတိုင်ခင်ကပင် ဝါဆိုလပြည့်နေ့မှာ အကျဉ်းသားတွေလွတ်ငြိမ်းရှိနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်နေတာပါ။

ဒီနေ့မနက်ပိုင်းထွက်ပေါ်လာတဲ့သတင်းအရဆို အင်းစိန်ထောင်ကနေ အကျဉ်းသား ၁,၀၀၀ ဝန်းကျင် လွတ်ပေးမယ်လို့သိရပါတယ်။

ဒါပေမယ့် အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းသလို နာမည်ကြီးပုဂ္ဂိုလ်တွေလည်းပါဝင်လာတာမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook