Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်လက်နက်ကိုင်များ ပြန်စုပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှ လုပ်ဆောင်သွားရန် ခွဲထွက်၊ ထုတ်ပယ် အဖွဲ့များအား KNU ဥက္ကဋ္ဌ သတင်းစကားပါး

ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

(KNU ဥက္ကဌ ​စောကွယ်ထူးဝင်း။ဓါတ်ပုံ-KNU)
(KNU ဥက္ကဌ ​စောကွယ်ထူးဝင်း။ဓါတ်ပုံ-KNU)

-“တခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု မရှိခဲ့လျင် ကျနော်တို့ အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ကျနော်တို့အတွက်လည်း အားအင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။”​-​စောကွယ်ထူးဝင်း

ဟန်နွေ/People’s Spring

ပြည်သူလူထုများ၏ လိုလားချက်များ ပြည့်စုံအောင်ဆောင်ရွက်နိုင်ရန် ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး အဖွဲ့တစ်ခု၏ ဦးဆောင်မှု အောက်မှ လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။

ပြည်သူလူထုများသို့ ကရင်ဘာသာဖြင့် ပြောကြားသည့် ဥက္ကဋ္ဌ၏ မိန့်ခွန်း၌ ယင်းအချက်ကို အလေးထား ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခု ဖေဖော်ဝါရီလသည်ထူးခြားသည့် လဖြစ်ကြောင်း ၊ ယခုလတွင် KNU ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်ပြည့်ပြီးဖြစ်သကဲ့သို့ ကရင်တမျိုးသားလုံး၏ ကရင်အမျိုးသားရေးနေ့ ၇၆ နှစ်ပြည့် ပြီးဖြစ်ကြောင်း၊ ထို့ပြင် “ကရင်အမျိုးသားတော်လှန်ရေးနေ့လည်း ၇၅ နှစ်ရှိပြီဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။

“အဲဒါကြောင့် ဒီလိုလတစ်လဟာ ကရင်တမျိုးသားလုံးအတွက် အရမ်းကို တန်ဖိုးရှိပြီး ထူးခြားတဲ့ လတစ်လဖြစ်တယ်။ ဒီနေ့မှာ ကရင်တမျိုးသားလုံး အားလုံးကို ကျနော့်အနေနဲ့ အဓိက တင်ပြချင်တာကတော့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပယ်ထားခံရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့အစည်းများ ဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း လက်နက်ကိုင်များ ပြန်လည်ပြီး စည်းစည်းလုံးလုံး စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စိတ်သဘောထား ဆန္ဒ အစီအစဉ် တစ်ခုဖြစ်တယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

KNU ဦးစီးဦးဆောင်တာဝန်ယူမှု အောက်၌ လုပ်ဖော်ကိုင်ဖက်အချို့ အမျိုးသားရေးအတွက် လုပ်ဆောင်ရာ၌ စိတ်နေသဘောထား များ ကွဲလွဲမှုများ ရှိခဲ့သည့်အပေါ် ရန်သူက သဘောထားခြင်း ကွဲလွဲအောင် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း အားလုံးဟာ ရည်မှန်းချက် မျှော်လင့်ချက် ခံယူချက်တွေဟာ တူညီမှု တစ်ခုတည်းအောက်မှာ တည်ရှိနေတာဖြစ်တယ်။ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် တန်းတူညီတူ အခွင့်အရေးရရှိဖို့အတွ့် လုပ်ဆောင်နေတာပဲဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

ကရင့်တော်လှန်ရေးအတွင်း ကရင်အမျိုသာလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ DKBA ဟုခေါ်ဆိုသည့် လက်နက်ကိုင် ကရင် ဗုဒ္ဓဘာသာအဖွဲ့အစည်း ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ DKBAမှတဆင့် ဖြစ်လာသည့် BGF အ ဖွဲ့အစည်းများကို အမည်ဖော်ပြ ပြောကြားခဲ့သည်။

“အခု ကျနော်ပြောချင်တာက ဒီအဖွဲ့အစည်းတွေက ဘယ်လိုပဲ ခွဲထွက် ကွဲပြားနေပါစေ ကျနော်တို့ အားလုံး နားလည်တာကတော့ ကရင်တမျိုးသားလုံး မျှော်လင့်တောင့်တတဲ့ ကရင်ပြည်( ဝါ) ကော်သူးလေပြည်ရရှိဖို့အတွ့် လုပ်ဆောင်နေတာပဲဖြစ်တယ်။ ဘယ်လိုပဲ လုပ်ဆောင်မှု ပုံစံတွေ မတူညီ ကွဲပြားနေမှုအပေါ်မှာ ကျနော်တို့ရဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ စိတ်နေသဘောထားကတော့ ဖွဲ့စည်းထားတဲ့ကော်မတီဝင်တွေကို ခွဲထွက်နေတဲ့ ကျနော်တို့ရဲ့ ကရင်အဖွဲ့အစည်း လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ပြန်လည်ပေါင်းစည်းပြီး ရပ်တည်ချက် တစ်ခုတည်းအပေါ်မှာ တည်ရှိသွားဖို့ ၁၀စုနှစ်ကျော် တိုင်တိုင် ဆွေးနွေးပြောဆိုခဲ့ပြီးဖြစ်တယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလို ဆွေးနွေးခဲ့ကြပြီး ပြီးပြည့်စုံအောင် အတူတူ လုပ်ဆောင်မှု မရှိခဲ့ကြပေမယ့်လည်း ယခု လက်ရှိ အချိန်ထိ ကျနော်တို့ရဲ့ စိတ်ထဲမှာ ဒီလိုမျိုး အားလုံး ပြန်လည်ပေါင်းစည်းဖို့ စိတ်ရှိနေတယ်ဆိုတာ သူတို့ကိုအမြဲတမ်း သိစေချင်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ပြည်သူလူထုလိုလားချက်များ ပြည်စုံအောင် လုပ်ဆောင်ရမည်ဆိုပါက တော်လှန်နေသည့် ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်စေ ၊ အခြားသော ကရင်အမျိုးသားအရပ်ဖက်အဖွဲ့အစည်းများ ဖြစ်စေ တခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှု အောက်၌ လုပ်ဆောင်ရန်လိုအပ်သည်ဟု ပြောသည်။

“တစ်ခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု မရှိခဲ့လျင် ကျနော်တို့ အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ကျနော်တို့အတွက်လည်း အားအင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။