Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လိုင်ဇာအနီး နောက်ဆုံးကျန်နေသည့် ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်းကို KIAသိမ်းပိုက်

KIAအနေဖြင့် မတ်လ ၇ရက်မှ စတင်ပြီး မြေပြင် စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးသည် တစ်ပတ်ကျော်အကြာတွင် လိုင်ဇာအနီး စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စွဲထား​​သော ​တောင်ကုန်းတစ်ခုကို KIA သိမ်းပိုက်ပြီး KIA အလံလွှင်ထူ​အောင်ပွဲခံစဥ်
လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စွဲထား​​သော ​တောင်ကုန်းတစ်ခုကို KIA သိမ်းပိုက်ပြီး KIA အလံလွှင်ထူ​အောင်ပွဲခံစဥ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးတွင် နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ နေ့လယ် ၂နာရီခန့်တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAသည် လိုင်ဇာအနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ရက်မှ စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်း ၂၀ ထက်မနည်း သိမ်းပိုက်ထားပြီး လိုင်ဇာအနီး ကျန်နေသည့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“အခု တိုက်ပွဲဖြစ်နေတဲ့ လိုင်ဇာဝန်းကျင်က နောက်ဆုံးကျန်ရှိတဲ့ အဓိက ကျတဲ့ ဘွမ်ရယ်ဘွမ်တောင်တော့ ဒီနေ့ ၂နာရီ ထိုးခါနီးမှာ သိမ်းလိုက်ပြီ။ တပ်မမှူးထိုင်တဲ့ စခန်းကုန်းကို သိမ်းလိုက်ပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာမြို့အနီးရှိ ခါရာ​တောင် ၊ခါရာ​တောင်ကိုလည်း KIA ကသိမ်းပိုက်ပြီးဖြစ်သည်
လိုင်ဇာမြို့အနီးရှိ ခါရာ​တောင် ၊ခါရာ​တောင်ကိုလည်း KIA ကသိမ်းပိုက်ပြီးဖြစ်သည်

အဆိုပါ ဘွမ်ရယ်ဘွမ် စစ်ကောင်စီစခန်း သိမ်းပိုက်မှုနှင့် စစ်ရေး အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

KIAအနေဖြင့် ယမန်နေ့ကလည်း မိုးမောက်မြို့နယ် ဒါဆိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၃၇)တပ်ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

မိုး​မောက်မြို့နယ်ရှိ ဒါဆိုင်း စစ်တပ်စခန် ​ခေါ် ခလရ ၂၃၇ စခန်းကို KIA သိမ်းပိုက်ပြီး​နောက်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု
မိုး​မောက်မြို့နယ်ရှိ ဒါဆိုင်း စစ်တပ်စခန် ​ခေါ် ခလရ ၂၃၇ စခန်းကို KIA သိမ်းပိုက်ပြီး​နောက်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု

ဘွမ်ရယ်ဘွမ်တပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဘွမ်ရယ်ဘွမ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ထို့ပြင် လိုင်ဇာမှ လိုင်စင်ဒေသသို့ သွားသည့် လမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း KIAက မတ်လ ၁၃ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာမြို့တွင် လုံခြုံရေးယူနေသော KIAရဲဘော်များအား တွေ့ရစဥ်
လိုင်ဇာမြို့တွင် လုံခြုံရေးယူနေသော KIAရဲဘော်များအား တွေ့ရစဥ်

KIAအနေဖြင့် မတ်လ ၇ရက်မှ စတင်ပြီး မြေပြင် စစ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးသည် တစ်ပတ်ကျော်အကြာတွင် လိုင်ဇာအနီး စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

(လိုင်ဇာမြို့အနီးရှိ ခါရာ​တောင် ၊ခါရာ​တောင်ကိုလည်း KIA ကသိမ်းပိုက်ပြီးဖြစ်သည် / လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စွဲထား​​သော ​တောင်ကုန်းတစ်ခုကို KIA သိမ်းပိုက်ပြီး KIA အလံလွှင်ထူ​အောင်ပွဲခံစဥ်/ မိုး​မောက်မြို့နယ်ရှိ ဒါဆိုင်း စစ်တပ်စခန် ​ခေါ် ခလရ ၂၃၇ စခန်းကို KIA သိမ်းပိုက်ပြီး​နောက်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု/ လိုင်ဇာမြို့တွင် လုံခြုံရေးယူနေသော KIAရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ ၊ New York Times)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။