Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုး ၊မိုးကုတ်၊သီပေါ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်မြို့နယ်တို့တွင်စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသူများကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်

TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။

လားရှိုး ၊မိုးကုတ်၊သီပေါ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်မြို့နယ်တို့တွင်စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသူများကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်
လားရှိုး ၊မိုးကုတ်၊သီပေါ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်မြို့နယ်တို့တွင်စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသူများကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်

လားရှိုးနှင့်မိုးကုတ်မြို့အပါအဝင် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA၏ စစ်ဒေသအတွင်းရှိ မြို့နယ်ခြောက် မြို့နယ်၌ စစ်မှုထမ်းရန် အတွက် စစ်ကောင်စီကအဓမ္မစစ်သားစုဆောင်းနေကြောင်း လူထုထံမှတိုင်ကြားမှုများရရှိထားပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန်သည်။

လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချို မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံနေမှုတို့ကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန် အတွက် စစ်ကောင်စီမှ အဓမ္မစစ်သားစုဆောင်းနေကြောင်း ပြည်သူလူထုက တိုင်ကြား အကူအညီတောင်းခံလာသည်ဟု TNLA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စစ်ကောင်စီသည် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေး မှူးများကို သတ်မှတ်ထားသည့် တပ်သားသစ် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ညွှန်ကြားလာပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးများက စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ အချို့နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေသည်ကို သိရှိထားကြောင်း TNLAက ဆိုသည်။အုပ်ချုပ်ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒအား ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

” မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ်သား စုဆောင်းခိုင်းစေ ခြင်းကို မြို့မိမြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLAမှ လက်မခံပါ” ဟု TNLA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။

” ဘယ်လိုအရေးယူမယ်ဆိုတာတော့ပြောမထားဘူး။ ဒါပေမဲ့ TNLA တကယ်လုပ်လာမယ်ဆိုရင် ဒေသခံတွေအတွက်ကောင်းတယ်။ ရပ်‌ ကျေးအုပ်ချုပ်ရေးမှူးတချို့လည်း လန့်နေကြတယ်။ TNLAက အခုမှာကြေညာတာ။ မြေပြင်မှာကသတင်းထွက်နေတာကြာပြီ” ဟု မိုးမိတ်မြို့ခံကပြောသည်။

သီ​ပေါမြို့နယ်တွင်လည်း သစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူးများ၊ရာအိမ်မှုများနှင့် Non-CDM ဝန်ထမ်းများ ယခုရက်ပိုင်အတွင်း​ခြေရှုပ်​နေပြီး စစ်မှုမထမ်းမ​နေရ ဥပ​ဒေအတွက်အလုပ်ရှုပ်​နေသည်ထင်​ကြောင်း​ဒေသခံအချို့က​ပြောသည်။စစ်​ကောင်စီ အတွက် စစ်သားသစ် အဓမ္မစု​ဆောင်းသူများကို ​တော်လှန်​ရေးအဖွဲ့များက ထိ​ရောက်စွာအ​ရေးယူ​စေလို​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုထုတ်ကာ နိုင်ငံသားများအား အတင်းအကျပ်စစ်မှုထမ်းခိုင်းရန် ကြိုးစားနေသည့် စစ်ကောင်စီအား ကူညီပေးနေသူများကို အရေးယူသွားမည်ဟု နိုင်ငံတစ်ဝန်းတော်လှန်ရေးအင်အားစုများကလည်း သတိပေးချက်များ ဆက်တိုက်ထုတ်ပြန်နေကြသည်။

TNLA ညီ​နောင်သုံးဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်​ရေးတွင် ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊နမ့်ခမ်း၊ ကွတ်ခိုင် ၊သိန္နီ ၊ မန်တုံ ၊မိုင်းလုံ ၊မိုင်း​ငေါ့ မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို​နောက် အုပ်ချုပ်​ရေးနှင့် ပြန်လည်ထူ​ထောင်​​ရေးလုပ်ငန်းများ​ဆောင်ရွက်​နေပြီဖြစ်သည်၊

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။