Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ပြည်သူသုံးဦးသတ်ဖြတ်၊ ကျေးရွာခုနစ်ရွာ မီးရှို့ဖျက်ဆီး

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက တစ်ပတ်အတွင်း ပြည်သူ သုံးဦးအား သတ်ဖြတ်ပြီး ကျေးရွာ ခုနစ်ရွာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီး စုစုပေါင်း အင်အား ၂၀၀ကျော်ပါ စစ်ကြောင်းသည် မတ်လ ၂၁ ရက်က ချောင်းရိုးကျေးရွာကို ဝင်ရောက်ပြီး အမျိုးသား နှစ်ဦးဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“ဖမ်းခံရတဲ့ နှစ်ဦးကို ကြိုးတုပ်ထားတာတွေ့တယ်။ ဗိုက်ကိုဓားနဲ့ဖောက်ထားတယ်။ ခေါင်းလည်း ဖြတ်ထားတယ်။ လက်တွေလည်း ဖြတ်ထားတယ်။ ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် မတ်လ ၁၉ ရက်ကလည်း သာကေတကျေးရွာနေ အမျိုးသားတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကြောင်းသည် မတ်လ ၁၇ရက်မှ စတင်ကာ ယမန်နေ့အထိ တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးနေပြီး တစ်ပတ်အတွင်း မြောက်အင်း၊အိုးသည်ကုန်း၊ ညောင်လေးပင်၊ ညံသာ၊ တုတ္တလုပ်(တောင်)၊ ချောင်းရိုးကျေးရွာနှင့် ဖန်းခါးဇင်ကျေးရွာ စသည့် ကျေးရွာ ရွာမှ လူနေအိမ် ၈၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

အဆိုပါစစ်ကြောင်းသည် ယနေ့ (မတ်လ ၂၅ရက်)တွင် ရေဦးမှတဆင့် ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ ကူးသန်းလာပြီး ထိုစစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ထိတွေ့မှုအနေအထားမဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကြိုးစားရင်း Local PDF ရဲဘော်တစ်ဦး ကျဆုံးသွားတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကြောင်းက ညနေ ၆နာရီခန့်တွင် တဲစုကျေးရွာအား မီးရှို့ဖျက်ဆီးနေပြီး ယခုညပိုင်းအထိ မီးရောင်များမြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။