Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​​ကောင်စီ​ရေတပ်သၚ်္ဘောမှလက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသကျေးရွာရှိ ​နေအိမ် (၃၀၀) ​ဝန်းကျင်မီး​လောင်ပျက်စီး

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

▪︎တိုက်ပွဲမရှိဘဲ စစ်ကောင်စီက မွန် နှင့် ပအိုဝ် ဒေသရှိကျေးရွာများအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မောင်မောင်/People’s Spring

စစ်ကောင်စီတပ်က မတ်လ ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိုင်းမြစ်ရှိ စစ်ကောင်စီစစ်သၚ်္ဘောမှ လက်နက်ကြီး ပစ်ခတ်ခဲ့၍ မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ၊ဓမ္မသကျေးရွာရှိ နေအိမ်အလုံး (၃၀၀) ဝန်းကျင် မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက် ဖျက်ရေး)ကထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

ထိုသို့ နေအိမ်ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။စစ်ကောင်စီတပ်က ၎င်းတို့ အား ခုခံတွန်းလှန်ရာ ဒေသရှိကျေးရွာများအား လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ရာ

ယခုရက်ပိုင်းတွင်လည်း မွန်နှင့် ပအိုဝ်းဒေသ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

မတ်လ (၂၄) ရက်တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များမှ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နေ့မှစ၍ စစ်ကောင်စီသည် ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်းကော့ပနော၊ အံဂစင် နှင့် အနီး

အနားကျေးရွာတဝိုက်သို့ နေ့စဉ်ရက်ဆက် လေကြောင်းဖြင့် ပစ်ခတ်ဗုံးကြဲ တိုက်ခိုက်ခြင်း ၊ စစ်သၚ်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့ရာ ဘာသာရေးအဆောက်အအုံနှၚ့် နေအိမ်များ မီးလောင်ပျက်စီးပြီး အပြစ်မဲ့ပြည်သူလူထုအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

စစ်ကောင်စီသည် အများပြည်သူများ သွားလာနေထိုင်ရာ ရပ်ရွာနေအိမ်များ၊ ဘာသာရေး အဆောက်အအုံနှင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေ၍ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် ၊ ပျော်ပွဲရွှင်ပွဲများ လျှော့ချကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က တိုက်တွန်းထားသည်။

စစ်​ကောင်စီ ဝါဒဖြန့်တယ်လီဂရန် ချန်နယ်​များက ဓမ္မသ ရွာကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ၊KNU နှင့် PDF များက မီးရှိူ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ချီ ​နေကြသည်။

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

ထိုအပြင်စစ်ကောင်စီသည် ပအိုဝ်းဒေသ၌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသတွင်းကျေးရွာများကိုလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က မတ် ၂၈ ရင်တွင်အသိ​ပေးထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

ထို့အပြင် မတ် ၂၈ ရက်က ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီးသို့လည်း စ်စကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထု နေအိမ်များ ပျက်စီးထိခိုက်ခဲ့ရဟု ဖော်ပြသည်။

(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ် ​ရေတပ်သၚ်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဓမ္မသ ​ကျေးရွာမီး​လောင်​နေစဥ်။ ဓါတ်ပုံ- CJ)

ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းတွင် စစ်ကောင်စီတပ်ကို PNLAက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့သည့်နောက် ပအိုဝ်းဒေသ ကျေးရွာများကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဆက်တိုက်ပြု လုပ်ခဲ့ရာ ဆီဆိုင်မြို့အပါအဝင် ဒေသတွင်း ကျေးရွာများ ရှိ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။