Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့ ကို စစ်ကောင်စီက တင့်ကားများ အပါအဝင်အင်အားသုံး ထိုးစစ်ဆင်လာ၍ မြို့တွင်း၊ မြို့ပြင် တိုက်ပွဲပြင်းထန်နေဟု PNLA အသိပေး

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

(ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းတွင် PNLA က ဆီဆိုင်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်ပြီး​တွေ့ရစဥ်။ဓါတ်ပုံ-PNLA)
(ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းတွင် PNLA က ဆီဆိုင်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်ပြီး​တွေ့ရစဥ်။ဓါတ်ပုံ-PNLA)

▪︎သတင်းမှား၊ သတင်းတုများ ယုံကြည်ပြီး မြို့ကို ပြန်လည်ခြင်းမပြုရန် ပြည်သူများ အား မေတ္တာရပ်ခံ

ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့အချိန်ထိ နေ့စဉ် တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး စစ်ဇုန်အတွင်း ရောက်ရှိနေ၍ ပြည်သူများ မြို့သို့ ပြန်လာနေခြင်းမပြုရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေး တိုက်တွန်းသည်။

စစ်ကောင်စီမှ မြို့တွင်းသို့ တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်နေလျက်ရှိသည်ဟုလည်းထုတ်ပြန်ထားသည်။

“ဆီဆိုင်မြို့နယ် အခြေအနေက မြို့တွင်း မြို့ပြင် နေရာအစုံမှာ တိုက်ပွဲမှာ တိုက်ပွဲက နေ့စဉ် ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ စစ်ကောင်စီက တင့်ကားတွေ ပါသုံးပြီးတော့မှ ထိုးစစ်ဆင်နေတဲ့အနေအထား ။ တင့်ကား သုံးစီးတွေ့ရတယ်။ ဒါကြောင့်မို့လို့ ဆီဆိုင်မြို့က စစ်ဇုံထဲရောက်နေတယ်။ ပြီးတော့ တိုက်ပွဲလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သတင်းတု သတင်းမှားတွေ ယုံကြည်ပြီး အရဲစွန့်ပြီး မဝင်ကြဖို့ မေတ္တာရပ်ခံရတာဖြစ်ပါတယ်။

အရင်တစ်ခေါက်ကလည်း အွန်လိုင်းပေါ်က သတင်းတု သတင်းမှားတွေကို ယုံကြည်ပြီး ပြန်ဝင်ဖို့ ကြိုးစားလို့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာမှာ ၇ဦး သေဆုံး ခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိရတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

“စစ်ကောင်စီက ဆီဆိုင်မြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့အနေအထားရှိတယ်။ သူတို့က ဆီဆိုင်မြို့ကို အကုန်လုံးပျက်စီးအောင်ဆိုတဲ့ ပုံစံနဲ့ တိုက်ခိုက်နေတာရှိတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီ၏ လုပ်ရပ်သည် ၎င်းတို့အား တော်လှန်ပါက ယခုကဲ့သို့ ဖျက်ဆီးမည်ဆိုသည့် အကြောက်တရားကို ထည့်ပေးပြီး ပြည်သူ နှင့် တော်လှန်ရေးအဖွဲ့အကြား သွေးခွဲနေကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ အချို့ပြည်သူများက အရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစားခြင်းများကြောင့်စစ်ကောင်စီ နှင့် အပေါင်းအပါလက်ပါးစေများက ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်ရာ ပြည်သူအချို့ ထိခိုက်သေဆုံးခြင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းများရှိနေသည်ဟု ကြားရကြောင်းလည်း PNLAက ဖော်ပြသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ကျရောက်နေပြီး တိုက်ပွဲလည်းပြင်းထန်လျက်ရှိနေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ ဝင်ရောက်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်သင့်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ချင်း မရှိသေးပဲ မြို့တွင်းသို့ အရဲစွန့် ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် အထူးတိုက်တွန်းကြောင်း ဖော်ပြသည်။

ထို့အပြင် မဲနယ်တောင်ဒေသသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ ရောက်ရှိသည့် ပအိုဝ်းကျေးရွာများတွင် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း ခိုးယူခြင်းများပြုလုပ်နေလျက်ရှိသည်ဟုလည်းသိရသည်။

စစ်ကောင်စီသည် လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။