Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းတိုက်ခိုက်မှု ထိခိုက်မှုရှိဟု NUG ကာကွယ်ရေး ထုတ်ပြန်

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။

အေလာလေတပ် ဒရုန်းတိုက်ခိုက်မှု
အေလာလေတပ် ဒရုန်းတိုက်ခိုက်မှု

မောင်မောင်၊သတိုး/People’s Spring

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာ နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ ဧပြီ ၄ရက်မနက်တွင် ပြုလုပ်ခဲ့သည့်အဆိုပါ စစ်ဆင်​ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ တို့ပူးပေါင်းတိုက်လိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

အေလာလေတပ် ဒရုန်းတိုက်ခိုက်မှု
အေလာလေတပ် ဒရုန်းတိုက်ခိုက်မှု

PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Ptop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိသေးပေ။

နေပြည်တော်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး နေပြည်တော်လေဆိပ်(အေလာလေဆိပ်)ပျံသန်းလာသော ဒရုန်းလေးစင်းနှင့် ဇေယျာသီရိမြို့နယ်သို့ ဝင်ရောက်ပျံသန်းလာသော ဒရုန်း သုံးစင်း စုစုပေါင်း ဒရုန်းခုနစ်စင်းအား ပစ်ချနိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သို့သော် PDFများက နေပြည်တော်တိုက်ခိုက်မှုတွင် ဒရုန်းအစီးရေ ၃၀ကျော်ဖြင့် တိုက်ခိုက်ခဲခြင်းဟု ဆိုသည်။

“မနက် ၉ နာရီလောက်က ပေါက်ကွဲသံတွေ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ ဒီဘက်မှာက သိပ်ကြားလေ့ မရှိတော့ အားလုံးက ဘာဖြစ်တာလဲ ဆိုတာ တမနက်လုံး အချင်းချင်းလိုက်မေးနေကြတာ။ အခုသိရသလောက်တော့ စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ သိရတယ်။ လယ်ဝေးဘက်က လူတွေပြောတာတော့ အေလာလေဆိပ်ဘက်ကို စစ်ကား၊ လူနာတင်ကားတွေ တောက်လျှောက်သွားနေတယ်တဲ့။ ထိခိုက်မှု ရှိမယ်လို့ ထင်ပါတယ်” ဟု နေပြည်တော်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။