Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးဟု PNLA ပြော

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)
(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်၌ ယမန်နေ့ ဧပြီ ၇ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ထပ်ရှိခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)
(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)

“ဆီဆိုင်မြို့နယ် ဆိုက်ခေါင် စံပြကျေးရွာ လွယ်ပွတ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်ကတော့ ၈ဦးထက်မနည်းကျဆုံးတယ်လို့ကျနော်တို့သိရတယ်။ ပြီးတော့ အဲဒီဘက်မှာလည်း လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်နေတာရှိတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် နိုင်ငံတဝန်း၌ စစ်​ကောင်စီအားတော်လှန်တိုက်ခိုက်မှုများ အားကောင်းနေသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)
(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)

“ဒါကြောင့် ကိုယ်က စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်ဖြစ်နေတယ်ဆိုရင် တော်လှန်ရေးလှိုင်းလုံးနဲ့အတူ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် အမြင်မှန်ရကြပြီး စစ်အာဏာရှင်စနစ်ရဲ့ထောက်တိုင်အဖြစ် မနေကြဖို့ နဲ့ တော်လှန်ရေးမှာ ပါဝင်ကြဖို့ အထူးတိုက်တွန်းချင်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ထို့အပြင်ပအိုဝ်းဒေသ စစ်ရေး ဆောင်ရွက်ချက်များအတွက် လိုအပ်ချက်များ ရှိနေ၍ PNLA အဖွဲ့၏ Facebook သို့ ဆက်သွယ်၍ ပံ့ပိုးကူညီပေးနိုင်ကြောင်းလည်း ခွန်ရိန်းယံက ပြည်သူများအား အသိပေးသည်။

PNLAသည် ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် မြေပြင်စစ်အင်အားများ သုံးပြီး ဆီဆိုင်ပြန်ရရေး ထိုးစစ်ဆင်နေ၍ မြို့တွင်းနှင့် မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။