Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးဟု PNLA ပြော

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)
(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်၌ ယမန်နေ့ ဧပြီ ၇ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ထပ်ရှိခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)
(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)

“ဆီဆိုင်မြို့နယ် ဆိုက်ခေါင် စံပြကျေးရွာ လွယ်ပွတ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်ကတော့ ၈ဦးထက်မနည်းကျဆုံးတယ်လို့ကျနော်တို့သိရတယ်။ ပြီးတော့ အဲဒီဘက်မှာလည်း လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်နေတာရှိတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် နိုင်ငံတဝန်း၌ စစ်​ကောင်စီအားတော်လှန်တိုက်ခိုက်မှုများ အားကောင်းနေသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)
(PNLA တပ်ဖွဲ့ဝင်များ နှင့် ​ဖေ​ဖော်ဝါရီလ​နောက်ဆုံးပါတ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-PNLA News &Info)

“ဒါကြောင့် ကိုယ်က စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်ဖြစ်နေတယ်ဆိုရင် တော်လှန်ရေးလှိုင်းလုံးနဲ့အတူ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် အမြင်မှန်ရကြပြီး စစ်အာဏာရှင်စနစ်ရဲ့ထောက်တိုင်အဖြစ် မနေကြဖို့ နဲ့ တော်လှန်ရေးမှာ ပါဝင်ကြဖို့ အထူးတိုက်တွန်းချင်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ထို့အပြင်ပအိုဝ်းဒေသ စစ်ရေး ဆောင်ရွက်ချက်များအတွက် လိုအပ်ချက်များ ရှိနေ၍ PNLA အဖွဲ့၏ Facebook သို့ ဆက်သွယ်၍ ပံ့ပိုးကူညီပေးနိုင်ကြောင်းလည်း ခွန်ရိန်းယံက ပြည်သူများအား အသိပေးသည်။

PNLAသည် ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် မြေပြင်စစ်အင်အားများ သုံးပြီး ဆီဆိုင်ပြန်ရရေး ထိုးစစ်ဆင်နေ၍ မြို့တွင်းနှင့် မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။