Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်ထပ်မံတိုက်ခိုက်

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PNLA)
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PNLA)

ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းဒေသရှိ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများထပ်မံပြု လုပ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

ယမန်နေ့တွင် လွယ်ဝိုးတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် လွယ်ဝိုးတုတ်ကျေးရွာနှင့် (၁)မိုင် အကွာအဝေးတွင်ရှိသည့် စစ်ကောင်စီစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ပြီးနောက် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာကို စစ်ကောင်စီက အငြိုးအတေးဖြင့် ဗုံးကြဲဖျက်ဆီးခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PNLA)
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – PNLA)

“ဒီနေ့ လွယ်ဟိုးတုတ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတာ။ အိမ် နှစ်လုံးမီးလောင်သွားတယ်။ အဲဒီဘက်မှာ PNLA လည်း တပ်စွဲထားတာမရှိပါဘူး။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာ သူတို့စခန်းကို သိမ်းတဲ့နေရာကလည်း လွယ်ဝိုးတုတ်ရွာနဲ့ တစ်မိုင်လောက်ဝေးတယ်ပေါ့နော်။ စစ်ကောင်စီက တမင်သပ်သပ် ဖျက်လို ဖျက်ဆီးလုပ်တာ။ အဲဒီ စစ်ကောင်စီက သူတို့ အထိနာတိုင်း အနီးအနားရှိကျေးရွာတွေ လူထုတွေကို ပစ်မှတ်ထားပြီး လူထုကို ရန်သူသဖွယ် တိုက်ခိုက်နေတာဖြစ်တယ်ပေါ့”ဟု ပအိုဝ်းသတင်းရင်းမြစ်က ယမန်နေ့တွင် ပြောထားသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ အာဏာသက်ဆိုးရှည်ရေးအတွက် ပအိုဝ်းဒေသကိုဖျက်ဆီးနေသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးအထိုင်ချတပ်စွဲကာ မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ အဆိုပါ လက်နက်ကြီးအကြိမ်ရေ ၇၀ကျော် ပစ်ခတ်ခဲ့ကြောင်း PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့ လက်နက်ကြီးများ ထားရှိသည့်နေရာအတွက် ထမ်းဆမ်းရွှေတိဂုံပုံတူစေတီတော်အဝန်းအဝိုင်းရှိ အဆောက်အဦးအချို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟုလည်း အသိပေးသည်။

ယမန်နေ့တွင်ပင် စစ်ကာင်စီသည် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးဖြင့်လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PNLA)
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – PNLA)

ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်ဟု ထုတ်ပြန်သည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်နေသည့်အချိန်ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်နေခြင်းကို သုံးသပ်ပြီး စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLAက ထပ်မံ တိုက်တွန်းခဲ့သည်။

လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။