Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်တပ်က ကျေးရွာနှစ်ရွာမီးရှို့ဖျက်ဆီးပြီး ပြည်သူသုံးဦးအား သတ်ဖြတ်

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

(ရသာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရသာရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးရာ နေအိမ်ရာနှင့်ချီ ပျက်စီးပြီး သားအဖနှစ်ဦးအပါအဝင် သုံးဦးအား ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ ၈ရက်) နံနက် ၆နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ကား သုံးစီးဖြင့်ထွက်လာပြီး ဖက်ရင်းကျေးရွာအား ပစ်ခတ်ဝင်ရောက်ချိန် သားအဖနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

“သူတို့ဝင်လာတဲ့သတင်းရလို့ ဖက်ရင်းရွာက သားအဖနှစ်ယောက်က ဆိုင်ကယ်လေးနဲ့စီးပြီး ရသာရွာဘက်ဦးတည်ပြီးပြေးတာ။ကားကနောက်ကရောက်လာပြီး လမ်းမှာတင်အကြောင်းမဲ့ပစ်သတ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသည့် သားဖြစ်သူမှာ အသက်(၂၀)အရွယ်သာရှိသေးပြီး ကိုရီးယားဘာသာစကားသင်တန်းတက်ရောက်နေသူဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စုက အနီးရှိ ရသာကျေးရွာကိုပါ ဆက်လက်ဝင်ရောက်ပြီး အမျိုးသားတစ်ဦးအား ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ရသာရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၅၀ကျော် ပျက်စီးခဲ့သည်။

“ရသာရွာက အိမ်ခြေလေးရာကျော် ငါးရာနီးပါးလောက်ရှိတယ်။ တစ်ဝက်လောက်ပါသွားတယ်။”ဟု အဆိုပါဒေသခံက ပြောသည်။

“ပြည်သူတွေ ဆီက ဖုန်းတွေလဲ ယူသွားသေးတာ။မြင်းခြံ က စခတွေ ကျောက်ကန်ရွာ လယ်သစ်ရွာ ညောင်တိုရွာက ပျုတွေ နဲ့ ကားသုံးစီးနဲ့ လာရှို့သွားတာ။”ဟု ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ အိမ်ခြေ ၁,၃၀၀ကျော်ရှိ တောပုရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ သုံးပုံတစ်ပုံခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

တော်လှန်ရေးအားကောင်းသော မြင်းခြံခရိုင်တွင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များ၌ မတ်လအတွင်း စစ်တပ်က ပြည်သူ(၉)ဦးအား သတ်ဖြတ်ကာ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။