Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား PDFများ တိုက်ခိုက်

နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာနယ်မြေရဲစခန်းအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည်။

(နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - NYSGF)
(နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - NYSGF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၇ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်သားများကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး ထပ်မံသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။

“ရွာထိပ်မှာစစ်တဲ့ ဂိတ်ရှိတယ်။ ကျွန်တော်တို့က သူတို့အလစ်မှာ မိုင်း သုံးလုံးသွားထောင်ထားတာ။ သူတို့ကင်းပြန်လာတဲ့အချိန်မှာ ဖောက်ခွဲလိုက်တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

နေ့လယ် ၁၂ နာရီခွဲခန့်တွင်လည်း ဥဒယကျေးရွာမှလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း​ နောင်ရိုးအထူးပြောက်ကျားတပ်က ထပ်မံသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူများအား လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGFနှင့် အမှတ် (၂)တပ်ရင်း Taloke PDFနှင့် Myingyan MP9အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာနယ်မြေရဲစခန်းအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။