Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား PDFများ တိုက်ခိုက်

နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာနယ်မြေရဲစခန်းအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည်။

(နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - NYSGF)
(နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - NYSGF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၇ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်သားများကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး ထပ်မံသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။

“ရွာထိပ်မှာစစ်တဲ့ ဂိတ်ရှိတယ်။ ကျွန်တော်တို့က သူတို့အလစ်မှာ မိုင်း သုံးလုံးသွားထောင်ထားတာ။ သူတို့ကင်းပြန်လာတဲ့အချိန်မှာ ဖောက်ခွဲလိုက်တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

နေ့လယ် ၁၂ နာရီခွဲခန့်တွင်လည်း ဥဒယကျေးရွာမှလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း​ နောင်ရိုးအထူးပြောက်ကျားတပ်က ထပ်မံသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူများအား လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGFနှင့် အမှတ် (၂)တပ်ရင်း Taloke PDFနှင့် Myingyan MP9အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာနယ်မြေရဲစခန်းအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။