Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတွင် အရပ်သားရှိရာနေရာကို စစ်ကောင်စီ ဗုံးကြဲ

ဒဏ်ရာရရှိသူဆယ်ဦးသည် ဆေးရုံ၌ သွားရောက်ကုသခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူနှစ်ဦး၏အမည်စာရင်းကို လတ်တ‌​လောအ​သေးစိပ်မသိရှိရသေးပေ။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်၌ ၃ရက်အတွင်း ​ဒေသခံပြည်သူ ၆ဦး သေဆုံး

‌ဇော်ရမ်း/People’s Spring

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း နှစ်နေရာကို စစ်ကောင်စီက ​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြညိသူနှစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သား ၆ဦး သေဆုံးခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ကားဂိတ်အနီးသို့ ​မေ ၈ ရက်နံနက် ၈နာရီခန့်၌ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။ နေ့လယ်ပိုင်တွင်လည်း ကျောက်ဖြူမြို့၊ မြို့ချောင်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ရာ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဟု ဒေသခံများကပြောသည်။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“ဒီနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတာပါ။ စနဲမြို့မှာက လူစည်ကားတဲ့နေရာကိုပစ်ချတာ။ မြို့ချောင်းကျေးရွာအုပ်စုမှာက ဘုန်းကြီးကျောင်းကိုပစ်တာ” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူဆယ်ဦးသည် ဆေးရုံ၌ သွားရောက်ကုသခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူနှစ်ဦး၏အမည်စာရင်းကို လတ်တ‌​လောအ​သေးစိပ်မသိရှိရသေးပေ။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုအပြင် ဒရုန်းအသုံးပြု၍ အရပ်သားများ​နေထိုင်​သောနေရာများကို ဗုံးချတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်ဟု ဒေသခံများကပြောသည်။

မေလ ၆ ရက်ကလည်း ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်းဇာဂရ၊ဦးနီထွန်းဦး၊ဒေါ်မဒွေးနှင့်ကိုဟန်တို့ သေဆုံးခဲ့သည်။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

အာရက္ခတပ်တော်(AA)သည် ယခုရက်ပိုင်း၌ ဘူးသီးတောင်၊ မောင်တော၊သံတွဲမြို့နယ်တို့မှ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဘူသီးတောင်အခြေစိုက် စကခ (၁၅)အား မေလ ၅ရက်က တိုက်ခိုက်သိမ်းပိုက်ရာ ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၊တပ်မိသားစုဝင်များစုစု​ပေါင်း ရာနှင့်ချီ၍ လက်နက်ချအညံ့ခံ​ခဲ့​ကြကြောင်း AA ကသတင်း ထုတ်ပြန်ထားသည်။ သိမ်းပိုက်ရယူရန်ကျန်ရှိနေသော လက်ကျန်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက အသိပေးထားသည်။

(​ကျောက်ဖြူ မြို့နယ် ၊စနဲမြို့ ကိုစစ်​က​မေ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်၍ အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။