Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၄လကျော်အတွင်း အပြစ်မဲ့အရပ်သား ၁၇၉ ဦးသေဆုံး၊ ၄၆၈ ဦး ဒဏ်ရာရဟု HDCO ထုတ်ပြန်

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

(ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူအချို့။ဓါတ်ပုံ-Border News Agency)
(ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူအချို့။ဓါတ်ပုံ-Border News Agency)

▪︎​နေရပ်စွန့်ခွာထွက်​ပြေးရသူ​ပေါင်း ၃၆၀,၀၀၀ခန့်ရှိလာ

ထားအိ/People’s Spring

ရက္ခိုင်ပြည်နယ်တိုက်ပွဲ ၄လကျော်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၉ ဦိးသေဆုံးခဲ့ပြီး ၄၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ HDCO က ဧပြီိ ၃ ရက်တွင် ထုတ်ပြန်သည်။

ULA ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှုညှိနှိုင်းရေးရုံး(HDCO)က ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ မတ်လ ၂၁ ရက်အထိ စာရင်းပြုစုခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီိး အမျိုးသား ၂၇၀ ဦး၊ အမျိိုးသမီး ၁၉၈ ဦိး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထိို့အပြင် လက်ရှိဖြစ်ပွားနေဆဲ တိုက်ပွဲစတင််ချိန်ကတည်းက ရက္ခိုင်ဒေသခံပြည်သူ ၄၇၁ ဦးကို စစ်ကောင်စီိက ဖမ်းဆီးထိန်းသိမ်းထားကြောင်း HDCO က ဖော်ပြသည်။

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

Public Service Announcement

Public Service Announcement

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ၏ အခြေအနေမှာ စစ်အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း စုစုပေါင်း နေရပ်စွန့်ခွာသူဦးရေမှာ ၃၅၈,၂၀၀ ကျော်လွန်ခဲ့ပြီိဟု ဖော်ပြသည်။ သို့သော် အဆိုပါအရေအတွက်၏ ၃၀ ရာခိုင်နှုန်းထက် နည်းပါးသောအရေအတွက်ကသာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီိများကို ရရှိနေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ နေရပ်စွန့်ခွာသူဦးရေ ၃၅၈,၂၀၀ အနက် ၁၀၀,၀၀၀ ကျော်သာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိပြီး ကျန်လူဦးရေ ၂၅၀,၀၀၀ ခန့်မှာ အကူအညီများနှင့် လက်လှမ်းမီခြင်းမရှိပေ။

ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင််ရာညှိနှိုင်းရေးရုံး(OCHA)၏ အစီရင်ခံစာတွင် ရက္ခိုင််ပြည်နယ်နှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူဦးရေမှာ စစ်အာဏာမသိမ်းမီနှင့် အာဏာသိမ်းအပြီး စုစုပေါင်းမှာ ၃၀၀,၀၀၀ ခန့်ဟု ဖော််ပြထားသဖြင့် ULA ၏ HDCO ၏ စာရင်းကောက်ခံမှုနှင့် အနည်းဆုံး ၅၀,၀၀၀ ခန့် ကွာခြားချက်ရှိသည်။

ထို့အပြင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရက္ခိိုင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် HDCO က မှတ်တမ်းတင်နိုင်သည့်အရေအတွက်ကို ဖော်ပြနိုင်ပြီး မြေပြင်အခြေအနေနှင့် ကွာခြားနိုင်ကြောင်း အသိပေးသည်။

အရေးပေါ်လူသားချင်းစာနာမှုဆိိုင်ရာဦးစားပေးအဓိကအချက် ၆ ချက်မှာ စားနပ်ရိက္ခာလုံခြုံရေး၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ နားခိုစရာ၊ နေအိမ်များပြန်လည်တည်ဆောက်နိုင်ရေး၊ အသက်မွေးဝမ်းကြောင်းမှုအထောက်အပံ့များနှင့် အရပ်သားများပြန်လည်အခြေချနေထိိုင်ရေးအတွက် မိုင်းရှင်းလင်းဖယ်ရှားရေးကိရိယာတို့ဖြစ်ကြောင်း HDCO က အကြံပြုသည်။

စစ်​ကောင်စီ၏ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး စစ်​ကောင်စီက ပြည်နယ်အတွင်းစား​သောက်ကုန်နှင့်​ဆေးဝါးများတင်သွင်းခွင့်ပိတ်ထား​သော​ကြောင့်အမ်းတွင် ဆန်နှင့်​ဆေးဝါးများပြတ်လပ်​နေပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း​ဒေသတွင်း သတင်းဌာနများက ​ဖော်ပြသည်။

အရေးပေါ်လူသားချင်းစာနာမှုအကူအညီများပေးအပ်ဖြန့်ချိနိုင်ရေးအတွက် တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်းများကိုဖြစ်စေ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်းနှင့် HDCO.ULA@outlook.com ၊ HDCO.ULA@proton.me သို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း HDCO က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ဒေသခံပြည်သူ ၂၈ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက်နေပါတယ်။

ဆောင်းပါး

အရပ်သားအရွယ်စုံကိုကြက်ကလေး၊ ငှက်ကလေးတွေသတ်နေသလို နေ့စဉ်ရက်ဆက်သတ်ဖြတ်နေတဲ့ စစ်တပ်ရန်ကနေ ကံကောင်းထောက်မစွာ သီသီလေး လွတ်မြောက်လာတဲ့ လူမမယ်ကလေးငယ်တစ်ဦး ရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်မှာ ဆောင်းခိုငှက်တွေ ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာမပြုလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။